လစ်ဗျားသူပုန် တူရကီ တရားဝင် အသိအမှတ်ပြု

  • 4 ဇူလိုင် 2011
Image caption တူရကီ နိုင်ငံခြားရေး ဝန်ကြီး Ahmet Davutoglu

လစ်ဗျား နိုင်ငံက သူပုန်တွေရဲ့ အသွင်ကူးပြောင်းရေး အမျိုးသား ကောင်စီဟာ လစ်ဗျား ပြည်သူတွေကို တကယ်ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် တူရကီ နိုင်ငံက အသိအမှတ်ပြု လိုက်ပါတယ်။

သူပုန်တွေ အခိုင်အမာပြုတဲ့ ဘန်ဂါဇီမြို့မှာ ပြောကြားရာမှာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ တိုင်းပြည်က ထွက်သွားရတော့မယ် အချိန်ရောက်နေပြီလို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး Ahmet Davutoglu က ဆိုပါတယ်။

ဒါ့အပြင် လစ်ဗျားသူပုန်တွေကို အထောက်အပံ့တွေ ပိုမို ပေးကြပါလို့လည်း နိုင်ငံတကာကို ပန်ကြားလိုက်ပါတယ်။

လစ်ဗျားမှာ နေတိုးတပ်ဖွဲ့ရဲ့ စစ်ဆင်တိုက်ခိုက်မှုကို တူရကီက ထောက်ခံခဲ့ပြီး လစ်ဗျားမှာ တူရကီက စီးပွားရေး အရ ရင်းနှီးမြုပ်နှံမှု အမြောက်အမြားရှိပါတယ်။

လစ်ဗျား က အရပ်သားတွေကို ကဒါဖီရဲ့ တိုက်ခိုက်မှုက ကာကွယ်ပေးရမယ် ဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အရ မတ်လ ကတည်းက နိုင်ငံတကာက ကဒါဖီရဲ့ တပ်တွေကို လေကြောင်း စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။