သတင်းစာ​လုပ်​ရပ် လူထု​က ရွံသထက်ရွံ

  • 7 ဇူလိုင် 2011

ယူကေနိုင်ငံက အပျော်ဖတ် ရုပ်စုံသတင်းစာ တစောင်ဖြစ်တဲ့ The News of the World က အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ မိဘဆွေ မျိုးတွေရဲ့ တယ်လီဖုန်းတွေကိုလည်း ကြားဖြတ် နားထောင်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒီလုပ်ရပ်တွေအပေါ် ပြည်သူတွေရဲ့ မနှစ်မျို့မှုတွေကလည်း ဆက်တိုက် ကြီးထွားနေပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သတင်းစာ အယ်ဒီတာကို ယုံစားမိတဲ့ ဗြိတိသျှဝန်ကြီးချုပ် အလွန်ဝေဖန်ခံရ

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ပေးမယ်လို့ ကတိပြုထားပါတယ်။

မယားပါသားလေး အီရတ်စစ်ပွဲမှာ ဆုံးပါးသွား ခဲ့တဲ့ ဖခင်တဦးကတော့ ဒါဟာ အကိုက်ခံရတာ ဖြစ်လို့ တရားစွဲဆိုသင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သတင်းစာပိုင်ရှင် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူးပါ့မားဒေါ့ကလည်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရဲရဲ့ စစ်ဆေးမှုတွေကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ သူ့ဝန်ထမ်းတွေကို မှာကြားထားတယ်လို့ ဆိုပါတယ်။