အာဖရိက မိုးခေါင်မှုကြောင့် ဆိုမားလီးယား ဒုက္ခတွေ့

  • 9 ဇူလိုင် 2011
Image caption လူတွေဟာ ကီလိုမီတာ ရာနဲ့ချီ လမ်းလျှောက် ပြီး စားစရာရှာ ဖွေနေကြပါတယ်

အာဖရိကအရှေ့ပိုင်းဒေသတွေမှာ အကြီး အကျယ် မိုးခေါင်ရေရှားမှုတွေ ဖြစ်နေတာ ကြောင့် ဆိုမားလီးယားနိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီတဲ့ ဒုက္ခသည်စခန်းတွေ စတင် ပေါ်လာနေပြီဖြစ်တယ်လို့ ဆေးဝါး အကူ အညီပေးနေတဲ့ MSF ပရဟိတ အဖွဲ့က ပြောပါတယ်

ဒုက္ခသည်စခန်းတခုဟာ ဆိုရင် ရက်ပိုင်းအတွင်း မှာဘဲ လူပေါင်း ၂ ဆ ဖြစ်လာပြီးအ ခုဆိုရင် လူပေါင်း ၅၀၀၀ နီးပါးရှိနေပြီးလို့ MSF က ဘီဘီစီကိုပြောပါတယ်။

ဒီအဖွဲ့အနေနဲ့ ဆေးဝါးအကူအညီသာပေးတာဖြစ်တဲ့အတွက် ဒုက္ခသည်တွေကိုပေးဖို့ အစားအသောက် မရှိဖြစ်နေရပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် လက်ရှိမှာ ခန့်မှန်ချေ လူပေါင်း ၁၀ သန်းလောက် ဒုက္ခရောက် နေရပါတယ်။

လူတွေဟာ ကီလိုမီတာ ရာနဲ့ချီ လမ်းလျှောက်ပြီး စားစရာရှာ ဖွေနေကြပါတယ်။