ဗြိတိန် အရောင်းရဆုံး သတင်းစာ ရပ်နား

  • 10 ဇူလိုင် 2011
news_of_the_world ဓာတ်ပုံ မူပိုင် news of the world
Image caption News of the World သတင်းစာ နောက်ဆုံးထုတ် မျက်နှာဖုံး စာမျက်နှာ

နှစ်ပေါင်း ၁၆၈ နှစ် ကြာထုတ်ဝေ ခဲ့ပြီး ဖြစ်တဲ့ ဗြိတိန်က တနင်္ဂနွေ ထုတ် News of the World သတင်းစာ ကြီးရဲ့ နောက်ဆုံး ထုတ် စာစဉ် ကို ထုတ် ဝေ လိုက်ပြီ ဖြစ်ပါတယ်။

သတင်းစာရဲ့ ရှေ့ဆုံး မျက်နှာဖုံး စာမျက်နှာ မှာတော့ အရင်က ထုတ်ဝေခဲ့တဲ့ သတင်း စာဟောင်း တွေရဲ့ မျက်နှာ ဖုံး ပုံတွေ ပေါ်မှာ ကျေးဇူး တင်ရင်း နုတ်ဆက် လိုက် ပါတယ် ဆိုတဲ့ စာတန်းကို ရိုက်နှိပ် ထား ပါတယ်။

အဲဒီ သတင်းစာ တိုက်က လူတွေ တယ်လီဖုန်း သတင်း စကား တွေကို ဥပဒေပ ဖြတ်ပြီး ကာယကံ ရှင်တွေ မသိအောင် ရယူ ခဲ့တယ် ဆိုတဲ့ ကိစ္စတွေ လူသိရှင်ကြား ဖြစ်ခဲ့ ပြီးတဲ့ နောက်မှာ အဲဒီ သတင်းစာ ကို ထုတ်ဝေတဲ့ မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ခ် ရဲ့ နယူးစ် အင်တာ နေရှင်နယ် ကော်ပို ရေးရှင်းက အဲဒီ သတင်းစာ ကို ထုတ်ဝေခြင်းက ရပ်နား ဖို့ ဆုံးဖြတ် လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီ လို သတင်းစာ တိုက်က လူတွေ ရဲ့ လူမသိအောင် တယ်လီဖုန်း သတင်း စကား တွေကို ရယူ ခဲ့တဲ့ ကိစ္စတွေကို ပြည်သူ လူထုနဲ့ အတူ နိုင်ငံရေး သမားတွေ နဲ့ ထင်ပေါ် ကျော်ကြားသူ တွေ ကပါ စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြတယ် လို့ ဆိုပါတယ်။

News of the World သတင်းစာကြီး ဟာ ထုတ်ဝေခဲ့တဲ့ ကာလရှည် တလျှောက် မှာ ချမ်းသာပြီး အာဏာ ရှိသူ တွေရဲ့ မဟုတ် မတရားတဲ့ ဖောက်လွှဲ ဖောက်ပြန် လုပ်မှု တွေကို ဖော်ထုတ် ဖွင့်ချ နေကျ ဖြစ် ပါတယ်။