News of the World ရဲ့ အယ်ဒီတာဟောင်း အာမခံနဲ့ လွတ်လာ

  • 9 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မီဒီယာ အင်ပါယာ ပိုင်ရှင်ကြီး Rupert Murdoch

Rupert Murdoch ရဲ့ ဗြိတိသျှ သတင်းအင်ပါယာ News International ထဲက အရှုတ်တော်ပုံကြောင့် အဖမ်းအဆီးတွေ ရှိခဲ့ပါတယ်။

News of the World ရဲ့ အယ်ဒီတာဟောင်း Andy Coulson ဟာ အဂတိ လိုက်စားမှု ၊ သတင်းစာအတွက် သူများဖုန်းတွေကို ကြားဖြတ် ခိုးနားထောင်ခဲ့မှု စတာတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး မေးမြန်းတာ ခံခဲ့ရပါတယ်။

သူဟာ News of the World မှာ အယ်ဒီတာ အလုပ်က ထွက်ပြီးတဲ့နောက် ဝန်ကြီးချုပ်ရုံးရဲ့ ပြန်ကြားရေး အကြီးအကဲ တာဝန် ထမ်းဆောင်ရင်း ဒီအမှု ပေါ်လာလို့ အလုပ်ထွက်ခဲ့ရသူပါ။

သူ့အပြင် တခြား သတင်းထောက်ဟောင်း တယောက်လည်း ရဲကို လာဘ်ထိုးမှုနဲ့ အဖမ်းခံခဲ့ ရပါတယ်။

အခုတော့ သူတို့နှစ်ယောက်လုံးကို ရဲက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။

အခုလို ကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဗြိတိန်က အကြီးဆုံး ဂြိုလ်ထု ဆက်သွယ်ရေး လုပ်ငန်း ဘီစကိုင်းဘီကို ရယူဖို့ ကြိုးစားနေတဲ့ မစ္စတာ မားဒေါ့ရဲ့ အစီအစဉ်အပေါ် ထိခိုက်စေပြီး အခုဆိုရင် ဘီစကိုင်းဘီရဲ့ အစုရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပါတယ်။