ဆူဒန်တောင်ပိုင်း လွတ်လပ်ပြီ

  • 10 ဇူလိုင် 2011
sudan ဓာတ်ပုံ မူပိုင် AFP
Image caption ပျော်ရွှင်နေကြတဲ့ ဆူဒန်တောင်ပိုင်း ပြည်သူများ

လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာတဲ့ တောင်ပိုင်း ဆူဒန် သမ္မတ နိုင်ငံကို ကမ္ဘာ တဝှမ်းက ခေါင်းဆောင် တွေက ကောင်းချီး ထောမနာ ပြုလိုက် ကြ ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဗားမား ကတော့ ဒါဟာ စစ်ပွဲ တွေရဲ့ အမှောင်ဖုံး နေတဲ့ ကာလ တွေရဲ့ နောက်ကွယ်မှာ အလင်း အရုဏ် ဆိုတာ ရှိနေတယ် ဆိုတာကို ပြလိုက် တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့တော် ဂျူဘာမှာ ရှိတဲ့ ဆူဒန် တောင်ပိုင်း လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာ နိုင်ရေး အတွက် လွတ်လပ်ရေး တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ သူပုန် ခေါင်းဆောင် ဂျွန် ဂါရန်းရဲ့ ဂူဗိမာန် မှာ ဆူဒန် တောင်ပိုင်း ရဲ့ အလံ လွှင့်ထူ တဲ့ အခမ်း အနားကို လူပေါင်း သောင်းနဲ့ချီပြီး တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။

အဲဒီ အခမ်းအနားကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၊ ဆူဒန် မြောက်ပိုင်း ရဲ့ သမ္မတ အိုမာ အဲလ် ဘာရှီးရှား တို့လဲ တက်ရောက် ခဲ့ကြ ပါတယ်။

အဲဒီ အခမ်းအနားကို တက်ရောက်လာတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ် ကတော့ ဆူဒန် တောင်ပိုင်း ပြည်သူ ပြည်သား တွေ အနာဂတ် ငြိမ်းချမ်း သာယာ ရေးနဲ့ တိုးတက် ကြီးပွား ရေး တွေကို ရရှိရေး အတွက် ကြိုးပမ်း ကြရာမှာ ဗြိတိန် အစိုးရ အနေနဲ့ သူတို့ ဘက်မှာ ရပ်တည် ပေးသွား မှာ ဖြစ်ကြောင်း၊ အခု အခမ်း အနားကို တက်ရောက် လာကြတဲ့ နိုင်ငံတွေ နဲ့ ဗြိတိန် တို့ အပါအဝင် ဒေသတွင်း နိုင်ငံ တွေနဲ့ ပါ အပြည့် အဝ ပူးပေါင်း ဆောင်ရွက် လာလိမ့်မယ် လို့လဲ မျှော်လင့် ကြောင်းနဲ့ အိမ်နီးချင်း တွေနဲ့လဲ ငြိမ်းချမ်းရေး အဓွန့်ရှည်နေ မယ်လို့ မျှော်လင့် ထားကြောင်း၊ ကုလသမဂ္ဂ မှာလဲ အဖွဲ့ ဝင် ဖြစ်လာဖို့ စောင့်မျှော် နေကြောင်း တွေကို ပြောသွား ပါတယ်။

မြောက်ပိုင်း ဆူဒန် ရဲ့သမ္မတ အိုမာ အဲလ် ဘာရှီးရားက တော့ အမေရိကန် ပြည်ထောင်စုက သူ့နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ မှုတွေ ကို ရုတ်သိမ်း ပေးသွား ဖို့ တောင်းဆိုလိုက်ပါတယ်။