ကင်ညာမှာ ဒုက္ခသည် စခန်းသစ် ထပ်ဖွင့်ဖို့ UNHCR ကြိုးစား

  • 10 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption UNHCR အကြီးအကဲ Antonio Guterres နဲ့ Angelina Jolie

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ အကြီးအကဲ Antonio Guterres ဟာ ကင်ညာ သမ္မတ Mwai Kibaki နဲ့ တနင်္လာနေ့မှာ တွေ့ဆုံပြီး ဆိုမာလီက အငတ်ဘေး ဒုက္ခသည်တွေ အတွက် စခန်းသစ် တခုဖွင့်ဖို့ အရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒုက္ခသည် အယောက် လေးသောင်းလောက်ထားနိုင်မယ့် အဲဒီ ကယ်ဆယ်ရေး စခန်းဖွင့်ဖို့ ကြိုးစားနေတာ နှစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆိုမာလီ ဒုက္ခသည်တွေ သူတို့နိုင်ငံထဲ ရေရှည် နေထိုင်သွားမှာ စိုးရိမ်တာကြောင့် ဒုက္ခသည်စခန်း ဖွင့်ဖို့ ကင်ညာက တုန့်ဆိုင်းနေတာဖြစ်ပါတယ်။

အခုဖွင့်မယ့် စခန်းသစ် နေရာဟာ ဆိုမာလီ ဒုက္ခသည်တွေ ၃သိန်း ခြောက်သောင်း လောက်နဲ့ ကြပ်ညှပ်နေတဲ့ Dadaab ဒုက္ခသည်စခန်း ကပ်လျက်ရှိပါတယ်။