ပါကစ္စတန် ထောက်ပံ့ငွေ အမေရိကန် လျှော့ချ

  • 10 ဇူလိုင် 2011
Image caption ပါကစ္စတန် ကို အမေရိကန်က စရိတ်လျှော့မှု The New York Times မှာ ရေးသားပြီ

အမေရိကန် ပြည်ထောင်စုဟာ ပါကစ္စတန်ကို နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ စစ်စရိတ်ရဲ့သုံးပုံတပုံ ဖြစ်တဲ့ ဒေါ်လာ သန်းရှစ်ရာကို လျှော့ချ ဖြတ်တောက် လိုက်ပါတယ်။

ပါကစ္စတန်ဟာ အကြမ်းဖက်သမားတွေ တိုက်ခိုက်ချေမှုန်းရာမှာ အရေးပါတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ပေမယ့် ပါကစ္စတန်ရဲ့ လုပ်ရပ်တချို့ကြောင့် ထောက်ပံ့ငွေရဲ့ တချို့တဝက်ကို ဖြတ်တောက်ရတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးအကဲ Bill Daley ဘီလ် ဒါလေက ပြောပါတယ်။

အမေရိကန်က စစ်ရေးဆိုင်ရာ လေ့ကျင့်ရေးသမားတွေကို ပါကစ္စတန်က မောင်းထုတ်တဲ့အတွက် အမေရိကန်က အပြစ်ပေးလိုပြီး ပါကစ္စတန် စစ်တပ် အနေနဲ့ စစ်သွေးကြွတွေကို ပိုမို ထိထိရောက်ရောက် ချေမှုန်းပေးစေ လိုတဲ့ အတွက် အခုလို ဖိအားပေးတဲ့အနေနဲ့ ထောက်ပံ့ငွေ လျော့ချတာလို့ The New York Times သတင်းမှာ ရေးသားထားပါတယ်။