ကွမ်တုံပြည်နယ်က လူဦးရေတိုးနိုင်ဖို့ တောင်းဆို

  • 11 ဇူလိုင် 2011
Guangdong
Image caption ကွမ်တုံပြည်နယ်က ကွမ်ကျိုးမှာ ပြီးခဲ့တဲ့နှစ်က အာရှအားကစားပွဲတော်လုပ်စဉ်က

တရုတ်နိုင်ငံက အချမ်းသာဆုံးနဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ကွမ်တုံပြည်နယ်ကနေ ဗဟိုအစိုးရကို တမိသားစု ကလေးတစ်ယောက်မူကို ပြင်ဆင်လျော့ပေါ့ပေးဖို့ တောင်းဆို လိုက်ပါတယ်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒီပြည်နယ်က တချို့အိမ်ထောင်တွေမှာ ဒုတိယကလေးမွေးနိုင်အောင် ခွင့်ပြုပေးဖို့ လိုလားနေပါတယ်။

လူသန်းတစ်ရာကျော်ရှိတဲ့ ဒီပြည်နယ်က လူဦးရေဟာ အခုဆိုရင် စပြီး လျော့ကျလာနေပြီလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံး တရုတ်နိုင်ငံမှာ တစ်နိုင်ငံလုံးအနေနဲ့တော့ လူဦးရေ ဆက်လက်တိုးပွားဆဲပဲ ရှိပါသေးတယ်။

ကမ္ဘာ့လူဦးရဟာ မကြာခင်လပိုင်းမှာ သန်း ၇၀၀၀ ပြည့်တော့မှာ ဖြစ်သလို တရုတ်နိုင်ငံ လူဦးရေကလည်း သန်း ၁၃၀၀ ကျော်လောက် ရှိပါတယ်။