မားဒေါ့မီဒီယာအရှုပ်တော်ပုံ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ပါဝင်လာ

  • 12 ဇူလိုင် 2011
Gordon Brown ဓာတ်ပုံ မူပိုင် ap
Image caption ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်း

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်းက မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ပိုင်တဲ့ News International ကုမ္ပဏီနဲ့ သူ့အဆို ရာဇဝတ် လောကတို့ ဆက်နွယ်နေမှုကို စုံစမ်းဖော်ထုတ်ဖို့ လိုနေပြီလို့ ပြောပါတယ်။

မစ္စတာဘရောင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရဖို့ မစ္စတာ မားဒေါ့ရဲ့ The Sunday Times သတင်းစာက ငွေပေးပြီး ဝယ်ယူခဲ့တယ် ဆိုတဲ့အကြောင်း သတင်းတွေ တနင်္လာနေ့က ထွက်ပေါ်ခဲ့ပါတယ်။

News International ကုမ္ပဏီဟာ နာမည်ထွက်ပြီးသား ရာဇဝတ်ကျူးလွန်သူတွေနဲ့ ဆက်သွယ်လုပ်ကိုင်ခဲ့တယ်ဆိုပြီး ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်းက ဘီဘီစီကို ပြောပါတယ်။

Image caption The Sunday Times သတင်းစာ

ဗြိတိန်ရဲ့ ထိပ်တန်း ရဲအရာရှိ တစ်ဦးဖြစ်တဲ့ ဂျွန်ရိတ်စ်က ဗြိတိသျှ ပါလီမန် ကြားနာမှုတစ်ခုအတွင်း ထွက်ဆိုရာမှာ ဖုန်းလိုင်းခိုးယူမှု စုံစမ်းစစ်ဆေး နေစဉ်တုန်းက သူ့ရဲ့ဖုန်း ကိုယ်တိုင်လည်း ခိုးယူ နားထောင်တာ ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဘယ်သူကနေ သူ့ဖုန်းလိုင်းကို ကြားဖြတ်နားထောင်ဖို့ ကြိုးစားတယ် ဆိုတာတော့ သူမသိဘူးလို့ ဆိုပါတယ်။

နောက်ပြီး ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ News of the World သတင်းစာရဲ့ ဖုန်းလိုင်း ခိုးယူမှုအတွက် ရဲစုံစမ်းမှုတွေ ဆက်မလုပ်တော့ ဘူးလို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အားနည်းခဲ့တယ် လို့လည်း ဝန်ခံပြောကြား ခဲ့ပါတယ်။