တရုတ်ဖွံ့ဖြိုးမှု နည်းနည်းကျ ပေမယ့် ဖွံ့ဖြိုးမှု ခိုင်မာဆဲ

  • 13 ဇူလိုင် 2011
china inflation ဓာတ်ပုံ မူပိုင် Reuters
Image caption စားသောက်ကုန် တွေ စျေးတက်နေတဲ့ တရုတ်

တရုတ်နိုင်ငံ ဟာ ငွေကြေးဖောင်းပွမှု ကို ဆက်လက် ထိန်းသိမ်း နေပြီး စီးပွားရေး ဖွံ့ဖြိုးမှု နှုန်း မှာ တော့ နဲနဲ ကျဆင်း သွားတာ ကို တွေ့ရ ပါတယ်။

အခုနှစ် ဒုတိယ ၃ လပတ် ကာလ အတွင်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း က ၉ ဒဿမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အရင်မှန်းဆ ထားကြတာ ထက်တော့ မြင့်ခဲ့ ပါတယ်။

တရုတ်မှာ ငွေကြေး ဖောင်းပွမှု နှုန်း က ၃ နှစ် အတွင်း အမြင့်ဆုံး မှာ ရှိနေလို့ ဘဏ်တွေ က ငွေထုတ်ချေးမှု ကိုမများ အောင် ထိန်းထားတာ၊ ဘဏ်တိုးနှုန်း တွေကို မြှင့် ထား တာ စတာ တွေ ကို လုပ်ဆောင်ခဲ့ ပါတယ်။

တရုတ်နိုင်ငံ ဟာ ဥရောပ နဲ့ အမေရိကန် ကို တင်ပို့ကုန် တင်သွင်းမှု လျော့ကျခဲ့ ပေမယ့် လည်း စီးပွားရေး တိုးတက်မှု ခိုင်မာအောင် လုပ်ဆောင် နိုင်ခဲ့တယ် လို့ သုံးသပ်သူ တွေ က ပြောပါတယ်။