သမ္မတ ကာဇိုင်း ညီဖြစ်သူ ရဲ့ စျာပန တက်ရောက်

  • 13 ဇူလိုင် 2011
karzai ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဝမ်းနည်းပူဆွေး နေတဲ့ သမ္မတ ဟာမစ် ကာဇိုင်း

အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း ဟာ သူ့ ညီဖြစ်သူ အာမက် ဝါလီ ကာဇိုင်း ရဲ့ စျာပန အခမ်းအနား ကို သူတို့ မိသားစု ဇာတိ ကျေးရွာ လေးမှာ ဦးဆောင် ပြုလုပ် ခဲ့ပြီး အရေအတွက် ထောင်ချီ ရှိတဲ့ လူ ပရိဿတ် တွေလည်း အသုဘ ကိုလိုက်ပါ ပို့ဆောင် ခဲ့ ပါတယ်။

သမ္မတ ကာဇိုင်း ဟာ သူ့ညီ အတွက် လူအများ ရှေ့ မှာ ပဲ ငိုကြွေးခဲ့ပြီး သေဆုံးသူ ညီ ရဲ့ နဖူး ကို နမ်းရှုပ် နှုတ်ဆက် ခဲ့ ပါတယ်။

အာဖဂန် အချင်းချင်း သတ်ဖြတ်နေကြတာ ကို ရပ်ဆိုင်း ကြဖို့ နဲ့ လူတွေ သတ်နိုင်တာ ကို ဂုဏ်ယူ မနေ ပဲ လူတွေရဲ့ အသက်တွေကို ကယ်ဆယ်ခြင်း ကသာ ကြီးမြတ် တဲ့ အလုပ် ဖြစ်ကြောင်း သူ က ပြောပါတယ်။

အာဖဂန် ရဲ့ တောင်ပိုင်း မှာ သြဇာကြီး တဲ့ အာမက်ဒ ဝါလီ ကာဇိုင်း ဟာ သူ့ လုံခြုံရေး အရာရှိချုပ် ရဲ့ ပစ်သတ်တာ ခံခဲ့ရလို့ သေဆုံး ခဲ့တာပါ။

ဒီလို လုပ်အောင် တာလီဘန် တွေ က လုံခြုံရေး အရာရှိ ကို စည်းရုံးခဲ့ သလား ဆိုတာ ကတော့ စစ်ဆေး နေကြ ဆဲပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ က လုပ်ခဲ့တဲ့ ဒီ စျာပန အခမ်းအနား ကို လာခဲ့တဲ့ ဟာမန် ပြည်နယ် အုပ်ချုပ်ရေး မှူး ရဲ့ ကား ဟာလည်း လာရာ လမ်းခရီးမှာ လမ်းဘေး ဗုံးထောင် တိုက်ခိုက် မှု က နေ အထိအခိုက် မရှိ ပဲ လွတ်မြောက်ခဲ့ ပါတယ်။