မားဒေါ့ရဲ့သတင်းစာ အရှုပ်တော်ပုံ ကမ္ဘာကို ရိုက်ခတ်

  • 13 ဇူလိုင် 2011
Murdoch ဓာတ်ပုံ မူပိုင် AFP
Image caption မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့

မစ္စတာ ရူးပတ်မားဒေါ့ ပိုင် သတင်းစာ ရဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းတွေ နဲ့ ပတ်သက် ပြီး ဗြိတိန် ပါလီမန် အတွင်း အငြင်းအခုံ တွေ တိုးပြီး ဖြစ်နေပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရော၊ အတိုက် အခံ လေဘာ ပါတီ ခေါင်းဆောင် အက်ဒ် မီလီဘန်းပါ ဒီ သတင်းစာ အပေါ် အပြင်းအထန် ဝေဖန် နေကြပေမယ့် လည်း အတိုက် အခံကနေ အစိုးရရဲ့ ဒီအရေးအပေါ် ကိုင်တွယ် ပုံ နဲ့ ပတ်သက်လို့ လည်း တိုက်ခိုက်နေပါတယ်။

မစ္စတာ မားဒေါ့ ရဲ့ သတင်း ကော်ပိုရေးရှင်း အနေနဲ့ ဗြိတိန် က BSkyB ရုပ်မြင်သံကြား မီဒီယာ ကုမ္ပဏီ က ရှယ်ယာ အားလုံး ပိုင်ဆိုင်အောင် ကြိုးစား နေမှု ကို တားဆီးသင့် မသင့် ကိစ္စကို ဗြိတိန် ပါလီမန် တွင်း ဆွေးနွေး ငြင်းခုံ ကြ ပါတယ်။

ပါလီမန် တွင်း က အဓိက ပါတီ ၃ ပါတီ စလုံး ကတော့ ဒီလို ဝယ်ယူမယ့် ကိစ္စ ကို တားဆီး ဘို့ သဘောထား တူနေ ကြပါတယ်။

အမေရိကန် နိုင်ငံ နိုင်ငံရေး အဝန်းအဝိုင်း မှာလည်း အမေရိကန် နိုင်ငံတွင်း က ရူးပတ် မားဒေါ့ပိုင် သတင်း မီဒီ ယာတွေက အခုလိုမျိုး ဖုန်းတွေကို ကြားဖြတ်နားထောင် တာ ရှိမရှိ ဆန်းစစ် ဖို့ လို မလို ငြင်းခုံ ဆွေးနွေးတာတွေ ဖြစ်နေ ပါတယ်။

မားဒေါ့ အင်ပိုင်ယာ

Image caption မားဒေါ့ဟာ အမေရိကန်က Fox News ရုပ်မြင်သံကြားလိုင်းကို ပိုင်ဆိုင်

မစ္စတာ မားဒေါ့ဟာ မီဒီယာ လောကကို စိုးမိုးထားရုံသာမက ငွေကြေးချမ်းသာပြီး သြဇာအာဏာ ကြီးမားသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

မားဒေါ့ဟာ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက် တိုက်ကြီးသုံးခုမှာ ရုပ်မြင်သံကြား သတင်းစာနဲ့ သူ့ရဲ့ မီဒီယာကွန်ယက်တွေကို ဖြန့်ကျက်ထားနိုင်သူပါ။

နယူးစ် ကော်ပိုရေးရှင်း ကုမ္ပဏီကြီးရဲ့ လက်အောက်ခံ ကုမ္ပဏီတွေဟာ အမေရိကန် ဂျာမဏီ အီတလီ ဗြိတိန် အိန္ဒိယ နယူးဇီလန် သြစတြေးလျ နိုင်ငံတွေမှာ အသီးသီး ဖြန့်ကျက် ထားပါတယ်။ ဒါဟာ ဘာကို ဖော်ပြသလဲ ဆိုတော့ သူ့မှာ တန်ခိုး အာဏာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ထွက်နေပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေဟာ မားဒေါ့ခ်ရဲ့ သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေရဲ့ ထောက်ခံမှု ရဖို့ကို အသည်းအသန် ကြိုးပမ်းတတ်ကြတာ မျိုးရှိပါတယ်။

ဒါပေမယ့် လက်ရှိ ဖုန်းလိုင်း ကြားဖြတ်ခိုးယူမှုတွေကြောင့် မားဒေါ့ခ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာအင်ပိုင်ယာကြီးရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်လာနေပါတယ်။

ကော်ပိုရေးရှင်းကြီးရဲ့ အစဉ်အလာ ဒီကော်ပိုရေးရှင်းကြီးရဲ့ ခေါင်းဆောင်မှုကို ဗြိတိန်မှာလိုပဲ အမေရိကန်မှာလည်း စစ်ဆေး မေးခွန်းထုတ်လာမယ့် ဆီ ဦးတည်နေတာ တွေ့ရပါတယ်။

မားဒေါ့ရဲ့ ကမ္ဘာ့မီဒီယာတွေကို ထိမ်းချုပ်နိုင်မှုနဲ့ ပိုင်ဆိုင်မှုတွေကို ဖတ်ချင်ရင် ဒီမှာ Click နှိပ်ပါ။