ဘီဘီစီ ဝန်ထမ်း ဆန္ဒပြ

  • 15 ဇူလိုင် 2011
_bbc_strik
Image caption ဘီဘီစီဝန်ထမ်း ဆန္ဒပြ

ဘီဘီစီမှ ဝန်ထမ်းတွေကို အသုံးစရိတ် ဖြတ်တောက်မှု အရ မဖြစ်မနေ အလုပ်က ထွက်ခိုင်းတာကို ကန့်ကွက်တဲ့ အနေနဲ့ ဝန်ထမ်းအများအပြား ဟာ ၂၄ နာရီ ကြာ၊ ဆန္ဒပြကြပါတယ်။

ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာန နဲ့ နိုင်ငံရပ်ခြား သတင်း စောင့်ယူတဲ့ ဌာန တွေက ဝန်ထမ်း ပေါင်း ၁ဝဝ ကျော်ကို အလုပ် ထွက်စေခြင်းဟာ စိတ်မကောင်းစွာ နဲ့ မလွှဲမသွေ ပြုလုပ်ရတဲ့ အကြောင်း ဘီဘီစီ က ပြောပါတယ်။

သတင်းထောက်များ သမဂ္ဂ ကတော့ ဒီလုပ်ရပ်ဟာ ရှောင်လွှဲ လို့ မရဘူး ဆိုတာ ကို မယုံကြည် ပုံ ပြောသွားပါတယ်။