အီတလီ ချွေတာရေး အစီအစဉ် မဲခွဲမယ်

  • 15 ဇူလိုင် 2011
Italy ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီတလီ ချွေတာရေး အစီအစဉ် အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့

အီတလီ နိုင်ငံမှာ ကြုံတွေ့ နေရတဲ့ ဘဏ္ဍာရေး အကြပ် အတည်းက လွတ်မြောက် နိုင်အောင် အစိုးရ အသုံးစားရိတ် ဒေါ်လာ ၆ဂ ဘီလီယံလောက် ဖြတ်တောက် လျှော့ချဖို့ ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

သောကြာနေ့ အောက်လွှတ်တော်မှာ ဒီမူကြမ်း အပေါ် မဲခွဲဆုံး ဖြတ်ကြမှာ ဖြစ်ပြီး ဘဏ္ဍာရေး ဆိုင်ရာ လိုအပ်ချက် တွေ ဖြည့်တင်းတဲ့ အနေနဲ့ အတည်ပြု ပေးလိမ့်မယ်လို့ ယူဆရပါတယ်။

အီတလီ နိုင်ငံဟာ အကြွေး ပြဿနာနဲ့ အကြီး အကျယ် ရင်ဆိုင်နေရပြီလို့ ငွေကြေး စျေးကွက်မှာ ခန့်မှန်း ပြောချက် ထွက်လာခဲ့ပြီးတဲ့နောက် အခုလို အစိုးရ အသုံးစရိတ် ဖြတ်တောက် မှုတွေ အလျင်အမြန် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။