ငွေချေးနိုင်ခွင့် ပမာဏ တိုးမြှင့် မပေးဘူးရင် အတိုးနှုန်းတွေ မြင့်လာမယ်

  • 16 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption အတိုးနှုန်း မြင့်လာလိမ့်မယ်လို့ အိုဘားမား သတိပေး

အမေရိကန် ပြည်ထောင်စုမှာ ငွေချေးနိုင်ခွင့် ပမာဏကို လွှတ်တော်အမတ် တွေက တိုးမြှင့် မပေးဘူးဆိုရင် အတိုးနှုန်းတွေ မြှင့်တက်လာပြီး နိုင်ငံသား တွေအနေနဲ့ အခွန်တိုးပေးရမယ့် အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ အိုဘားမားက သတိပေးလိုက်ပါတယ်။

ဒီကိစ္စအတွက် ဆွေးနွေးဖို့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပေမယ့် ရီပါ့ဘလစ်ကန် ပါတီဝင် အမတ်တွေက အစိုးရ အသုံးစရိတ်လျော့ဖို့ တောင်းဆို နေသလို ဒီမိုကရက် ပါတီဝင် အမတ်တွေက ကုမ္ပဏီလုပ်ငန်းကြီးတွေကို အခွန် တိုးကောက်ချင် တာကြောင့် ပါတီနှစ်ခုကြား သဘောတူညီမှု တခုမှ မရခဲ့ပါဘူး။

သမ္မတကတော့ ဘတ်ဂျက်လိုငွေပြမှု လျော့ချတဲ့ ဘယ်လို အစီအစဉ်မျိုးမှာ မဆို အဲဒီနည်းလမ်း နှစ်ခုစလုံးကို ထည့်သွင်းရမယ်လို့ ဆိုပါတယ်။