အစ္စရေးကို အပစ်ရပ်ဖို့ ဟာမတ်စ်ပြော

  • 17 ဇူလိုင် 2011
palestinian_militant ဓာတ်ပုံ မူပိုင် REUTERS
Image caption ဂါဇာမှ စစ်သွေးကြွများ

ဂါဇာ ကမ်းမြှောင်ကို အုပ်ချုပ် နေတဲ့ ဟာမတ်စ် အဖွဲ့ရဲ့ ဝန်ကြီးချုပ် ဖြစ်သူ အစ္စမေး ဟာနီယာက အဲဒီ ဒေသတွင်းက စစ်သွေးကြွ အုပ်စုတွေ ကို အစ္စရေး ဘက်ကို ဒုံးကျည်တွေနဲ့ ပစ်နေတာ တွေကို ရပ်တန့်ကြဖို့ တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်း ပတ် ထဲမှာပဲ ဟာမတ်စ် အဖွဲ့ကို သဘောထား ပြော့ပြောင်း တဲ့သူတွေ ဆိုပြီး သတ်မှတ် ထားကြတဲ့ အဲဒီ ဒေသ အတွင်းက စစ်သွေးကြွ္ အဖွဲ့ တွေက အစ္စရေး နိုင်ငံ ဘက်ကို ဒုံးကျည် နဲ့ ၉ ခါ လောက်ပစ်ခတ် ခဲ့ကြ ပါတယ်။

အဲဒီ အတွက် အစ္စရေး လေကြောင်း ကနေ တိုက်ခိုက် မှုတွေ လုပ်ခဲ့လို့ ပါလက်စတိုင်း လူမျိုး တဦး သေဆုံး ခဲ့ရပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ ပါတယ်။

အခုလို မစ္စတာ ဟာနီယာက တောင်းဆို လိုက် တဲ့ ကိစ္စဟာ ဟာမတ်စ် အဖွဲ့ အာ ဏာ ဘယ် လောက် ရှိ မရှိကို တိုင်းတာ ရာရောက် လိမ့်မယ်လို့ အဲဒီ ဒေသက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။