အာဖဂန်မှာ ရဲတပ်ဖွဲ့က လုံခြုံရေး လွှဲပြောင်းယူ

  • 17 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကနေဒါ တပ်ဖွဲ့ဝင်တွေလည်း အိမ်ပြန်ဖို့ ပြင်ဆင်နေ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးကို အာဖဂန်တွေ ကိုယ်တိုင် တာဝန်ယူရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေ စတင်နေပြီ ဖြစ်ရာ၊ နိုင်ငံအလယ်ပိုင်း ဘန်မြန်း ပြည်နယ် လုံခြုံရေးကို တာဝန်ယူထားတဲ့ နေတိုးတပ်ဖွဲ့တွေ ဆီကနေ အာဖဂန်ရဲတပ်ဖွဲ့က ပထမဦးဆုံး တာဝန် လွှဲပြောင်းယူလိုက်ပြီ ဖြစ်ပါတယ်။

မြို့တော်ကာဘူးမှာရှိတဲ့ အာဖဂန်အစိုးရ ဝန်ကြီးတွေနဲ့ နိုင်ငံခြား သံအမတ်တွေဟာ ဘန်မြန်းပြည်နယ်ကို လေယာဉ်နဲ့ သွားရောက်ပြီး တာဝန်လွှဲပြောင်းယူတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒါပေမယ့်လို လုံခြုံရေး တာဝန်လွှဲပြောင်းယူတဲ့ ဒီအခမ်းအနားကို အများပြည်သူသိအောင် တင်ကြိုကြေညာခြင်း မလုပ်ခဲ့သလို အခမ်းအနား သတင်းကိုလည်း တိုက်ရိုက် ထုတ်လွှင့်မှုတွေ ပေးမလုပ်ခဲ့ပါဘူး။

အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အာဖဂန် လုံခြုံရေးအတွက် အာဖဂန်တွေ တာဝန်ယူရမယ့် ကိစ္စဟာ မှန်ကန် သင့်မြတ်တယ်လို့ ပြောပါတယ်။