သမ္မတ ခါဇိုင်း အကြံပေး လုပ်ကြံခံရ ပြန်ပြီ

  • 18 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဟာမစ်ခါဇိုင်း အကြံပေး အရာရှိ အသတ်ခံရ

အာဖဂန် နစ္စတန် သမ္မတ ဟာမစ်ခါဇိုင်းရဲ့ ထိပ်တန်းအကြံပေး အရာရှိ တယောက် ကာဘူးမြို့မှာ သူ့နေအိမ်မှာ လုပ်ကြံခံလိုက်ရတယ်လို့ ရဲက ပြောပါတယ်။

အဲဒီ အကြံပေးအရာရှိ Jan Mohammed Khan ဟာ အရင်တုန်းက ပြည်နယ်မှူး အဖြစ်တာဝန်ထမ်းခဲ့ဖူးတဲ့သူ တယောက် ဖြစ်ပါတယ်။

အသတ်ခံ ရပြီးတဲ့နောက် သူ့အိမ်အပြင်ဖက်မှာ သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အချိန်အတန်ကြာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ကန်ဒဟာ ပြည်နယ်တောင်ပိုင်းမှာ သမ္မတ ခါဇိုင်းရဲ့ ညီအကို ဝမ်းကွဲ တော်စပ်သူဟာ သူ့ကိုယ်ရံတော် လုပ်ကြံတာ ခံခဲ့ရပြီး တပတ်မပြည့်ခင် အခုလို လုပ်ကြံခံရမှု နောက်တခု ထပ်ဖြစ်ခဲ့တာပါ။

အစောပိုင်းတုန်းကတော့ ဘမီရန်ပြည်နယ် လုံခြုံရေးကို နေတိုးတပ်ဖွဲ့ လက်ထဲကနေ အာဖ၈န် လုံခြုံရေး အဖွဲ့တွေက စတင်တာဝန်ယူခဲ့ပြီး ဒါဟာ ပထမဆုံး ကိုယ့်ဖာသာကိုယ် လုံခြုံရေးတာဝန် လွှဲယူမှု ဖြစ်ပါတယ်။