News International အကြီးအကဲဟောင်းကို ရဲကဖမ်းဆီး

  • 17 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အခုအချိန်အထိ တာဝန်အရှိဆုံး အဖမ်းခံရသူ ကတော့ Mrs Brooks ဘဲဖြစ်ပါတယ်

ဗြိတိန်နိုင်ငံမှာ သတင်းသမားတွေက တခြားသူတွေရဲ့ လက်ကိုင်ဖုန်း လိုင်းတွေကို ဟတ်ခ်လုပ်ပြီး၊ အချက်အလက်တွေ ကို ခိုးယူတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေရာ အခုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး News International မီဒီယာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Rebekah Brooks ကို ရဲက ဖမ်းဆီးလိုက်ပါပြီ။

သူဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ News International ရဲ့ အကြီးအကဲရာထူးကနေ နှုတ်ထွက်ထားခဲ့သူ ဖြစ်ပါတယ်။ News International သတင်းဌာနဟာ မီဒီယာလုပ်ငန်းရှင် ရူးပတ်မားဒေါ့ပိုင် ဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေက အချက်အလက် ခိုးယူမှု အရှုပ်တော်ပုံကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တာဝန်အရှိဆုံး အဖမ်းခံခဲ့ရတဲ့ ထိပ်တန်းအကြီးအကဲ ကတော့ Mrs Brooks ဘဲဖြစ်ပါတယ်။

Mrs Brooks ဟာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အပါအဝင် ဗြိတိန်က သြဇာတိက္ကမ အရှိဆုံး ပုဂ္ဂိုလ်တွေနဲ့ အလွန်တရာ နီးနီးကပ်ကပ် ရှိတဲ့ သူဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေးရာ သတင်းထောက်က ပြောပါတယ်။