အာဖကန်မှာ နိုင်ငံတကာ တပ်မှူးသစ် ပြောင်း

  • 18 ဇူလိုင် 2011
Afghanistan ဓာတ်ပုံ မူပိုင် b
Image caption ဗိုလ်ချုပ်ကြီး ဂျွန် အယ်လန်

အာဖကန်နစ္စတန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာ တပ်တွေရဲ့ အကြီးအကဲအဖြစ် အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အလန်က ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရက်ယက်စ် ဆီကနေ လွှဲပြောင်းယူလိုက်ပါတယ်။

ဒေးဗစ် ပက်ထရက်စ်ယက်စ် ကတော့ စီအိုင်အေ အကြီးအကဲသစ် တာဝန်ကို ယူမှာ ဖြစ်ပါတယ်။

လွှဲပြောင်းပေးအပ်ပွဲမှာ ဗိုလ်ချုပ်ကြီး အလန်က သူ့အနေနဲ့ ခက်ခဲကြမ်းတမ်းနဲ့ နေ့တွေကို ရင်ဆိုင်ရတော့မယ်ဆိုတာ ကြိုမြင်နေရသလို အာဖကန်နစ္စတန်က စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း တွေဝေတုံ့ဆိုင်းမှု လုံးဝ မရှိပါဘူးလို့ ပြောပါတယ်။

အာဖကန်က နေရာတချို့မှာ နေတိုးတပ်တွေက အာဖကန် လုံခြုံရေးတွေဆီ တာဝန် လွှဲပြောင်းပေးနေတဲ့ အချိန်မှာပဲ အခုလို တပ်မှူး အပြောင်းအလဲ လုပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လုံခြုံရေးကတော့ စိုးရိမ်ရဆဲ အနေအထားမှာ ရှိပြီး ဒီနေ့ တနင်္လာနေ့ အစောပိုင်းကပဲ လမ်းဘေးထောင် ဗုံးကြောင့် နေတိုးစစ်သား သုံးဦး ကျဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကလည်း သမ္မတ ကာဇိုင်းရဲ့ ညီငယ်အသတ်ခံခဲ့ရပါတယ်။