အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပ

  • 19 ဇူလိုင် 2011
Asean ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အင်္ဂါနေ့က စတင် တွေ့ဆုံ ဆွေးနွေးကြ ပါတယ်။

ဒီအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်တွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝရာနေရာတွေ အပေါ် တရုတ်နဲ့ အာဆီယံနိုင်ငံတချို့အကြား အငြင်းပွားနေတာတွေ နဲ့ပတ်သက်လို့ အဓိက ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

တရုတ်ဟာ နယ်မြေကျူးကျော်လုပ်ဆောင်မှုတွေရှိတယ်လို့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကနေ စွပ်စွဲခဲ့သလို တောင်တရုတ်ပင်လယ်တွင်းက နယ်မြေအငြင်းပွားမှုက တင်းမာအမှုအဆင့် တစ်ခုဆီကို ရောက်လာခဲ့ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က ''အရှေ့တောင်အာရှ အာဆီယံနဲ့ တရုတ် တို့ကြားမှာ နောက်ထပ် အရေးတကြီး လုပ်ဆောင် ရမယ့် အခြေအနေကတော့ တရုတ်နဲ့ အာဆီယံကြား မတူညီမှုတွေကို နှစ်ဘက်စလုံးကနေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း နိုင်တယ်ဆိုတဲ့ အပြုသဘောလက္ခဏာတွေကို ကမ္ဘာက သိအောင် လုပ်ဖို့ ဖြစ်တယ်'' လို့ ပြောပါတယ်။ အာဆီယံ အစည်းအဝေးတွေ အတွင်း နောက်ဆွေးနွေးဖွယ်ရှိတဲ့ အကြောင်းအရာတွေ ကတော့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ ၂၀၁၄ မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌတာဝန် ယူသင့် မယူသင့် ကိစ္စတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကို ဥက္ကဌတာ၀န်ပေးလိုက်ရင် ဒေသတွင်းအတွက် အရှက်ရစရာတွေ ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပြောဆိုကြပါတယ်။