တရုတ်မှာ အင်တာနက်အသုံးပြုသူ ပိုများလာ

  • 19 ဇူလိုင် 2011
Weibo ဓာတ်ပုံ မူပိုင် Reproducao
Image caption တရုတ်က Weibo ဝက်ဘ်ဆိုက်

တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုသူ အရေအတွက်ဟာ နောက်ထပ် အမြင့်ဆုံး ကိန်းဂဏန်းတစ်ခုကို ရောက်လာပြီး ဇွန်လ ကုန်ပိုင်းထိ အသုံးပြုသူ ၄၈၅ သန်း ရှိလာပါတယ်။

အရင်ကလည်း တရုတ်နိုင်ငံက အင်တာနက် အသုံးပြုသူအရေအတွက်ဟာ ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။

အသုံးပြုသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့စာရင် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ တရုတ်အစိုးရပိုင် China Internet Network Information Centre က ပြောပါတယ်။

အသုံးပြုသူ များလာတဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ Twitter လိုမျိုး တရုတ် ဘလော့ဂ်ဆိုဒ်တစ်ခုဖြစ်တဲ့ Weibo ဝက်ဘ်ဆိုက်ကို အသုံးပြုသူဟာ ၂၀၁၁ ပထမ နှစ်ဝက် အတွင်း သုံးဆတက်လာကာ အခုဆိုရင် အသုံးပြုသူ သန်း ၂၀၀ ရှိနေပါတယ်။

Twitter နဲ့ Facebook အင်တာနက်စာမျက်နှာတွေကိုတော့ တရုတ်အစိုးရက ပိတ်ပင်ထား ပါတယ်။