မားဒေါ့အရှုပ်တော်ပုံ စစ်ဆေးမှုတွေ လုပ်

  • 19 ဇူလိုင် 2011
Paul Stephenson ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရဲမင်းကြီး ပေါ စတီဗင်ဆန်

မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ရဲ့ News of the World သတင်းစာ သတင်းထောက် တွေကနေ ဖုန်းကြားဖြတ် ခိုးယူ အသုံးပြုမှု နဲ့ ရဲကို လာဘ်ထိုးခဲ့မှု စွပ်စွဲချက်တွေနဲ့ ပတ် သက်ပြီး ဗြိတိန်ရဲ့ အဆင့်မြင့်ဆုံးရဲမင်းကြီး Sir Paul Stephenson ကို ပါလီမန်အမတ် တွေက ပြင်းပြင်းထန်ထန် မေးမြန်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

မစ္စတာ စတီဗင်ဆန်ဟာ ဒီအရှုပ်တော်ပုံကြောင့် တနင်္ဂနွေနေ့ကပဲ ရဲမင်းကြီး ရာထူးကနေ နှုတ်ထွက်ခဲ့သူပါ။ ဒါပေမယ့် သူကိုယ်တိုင်တော့ မမှန်မကန် လုပ်ဆောင် ခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရဲဌာန အကြီးအကဲအဖြစ် သူတာဝန်ယူစဉ်က ဖုန်းလိုင်း ကြားဖြတ်ခိုးယူအသုံးပြုမှု ကိစ္စတွေ ကို ရဲက စုံစမ်း စစ်ဆေးရာမှာ မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်ဘူးလို့ သံသယဖြစ်စရာတစ်ခု မှ မတွေ့ခဲ့ကြောင်းလည်း ပြောပါတယ်။

မားဒေါ့တို့သားအဖ အစစ်ခံရ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂျိမ်းစ် မားဒေါ့နဲ့ ရူးပတ် မားဒေါ့

မစ္စတာမားဒေါ့နဲ့ သူ့ရဲ့သား ဂျိမ်းစ်မားဒေါ့ ကိုယ် တိုင်လည်း အင်္ဂါနေ့ နှောင်းပိုင်းမှာ ဗြိတိသျှ ပါလီ မန်အတွင်းမှာ အစစ်ခံခဲ့ရပါတယ်။

မစ္စတာမားဒေါ့က ဒီနေ့ဟာ သူ့ဘဝမှာ မာန်မာန အနည်းဆုံးထားရတဲ့ နေ့ပါပဲလို့ ကြားနာစစ် ဆေးမှု စစချင်းမှာပဲ ပြောခဲ့ပါတယ်။

မစ္စတာ ဂျိမ်းစ်မားဒေါ့ကလည်း သတင်းထောက် တွေရဲ့ ဖုန်းကြားဖြတ် ခိုးနားထောင် ခံခဲ့ရတဲ့သူ တွေရဲ့ မိသားစုဝင်တွေကို တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။

အမတ်တွေကတော့ News of the World သတင်းစာမှာ မမှန်မကန်လုပ်ရပ်တွေ ရှိနေတယ် ဆိုတာ သူတို့ ဘယ်အချိန်ကစ သိခဲ့ကြသလဲ၊ ဒီအကြောင်း ကုမ္ပဏီထဲက ဘယ်သူတွေကသိ ထားခဲ့ကြသလဲ စတာတွေကို မေးမြန်းခဲ့ကြပါတယ်။

မစ္စတာမားဒေါ့ ကုမ္ပဏီက ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ Rebekah Brooks လည်း ပြီးခဲ့တဲ့ သတင်းပတ်ကပဲ အဖမ်းခံခဲ့ရပြီး သူလည်း အင်္ဂါနေ့ နှောင်းပိုင်းမှာ ပါလီမန်အတွင်း အစစ်ခံရ ဖို့ရှိပါတယ်။