မီဒီယာအရှုပ်တော်ပုံ ဗြိတိန်ပါလီမန်မှာ ဆွေးနွေး

  • 20 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မီဒီယာ အရှုပ်တော်ပုံ ဂယက်ဟာ ဗြိတိန် ရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးစနစ်ကိုပါ ရိုက်ခတ်ခဲ့

ဗြိတိန်နိုင်ငံ မှာ လက်ကိုင်ဖုန်းတွေက သတင်း အချက်အလက်ခိုးယူတဲ့ အရှုပ် တော်ပုံ ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိသျှ ပါလီမန်မှာ ပြင်းထန်တဲ့ အချေအတင် ဆွေးနွေးမှုတွေ ဒီကနေ့ အကြိတ်အနယ် ပြုလုပ်ခဲ့ပါတယ်။

News of the World သတင်းစာ အရှုပ် တော်ပုံကြောင့် အာဖရိကသွားတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ အလုပ် ခရီးစဉ် အချိန်လျှော့၊ ပြန်လာခဲ့ရပြီး၊ ဗြိတိသျှပါလီမန်မှာ အမတ်တွေ မေးကြတဲ့ မေးခွန်းတွေကို အကြီးအကျယ် ဖြေနေခဲ့ရပါတယ်။

မီဒီယာသမားတွေရဲ့ ကျင့်ဝတ်ချိုးဖောက်ပြီး သတင်းရယူမှုတွေက နိုင်ငံရေးနယ်ပယ်မှာပါ အကြီးအကျယ် ဂယက်ရိုက်နေပြီး အဲဒီ တယ်လီဖုန်းကြားဖြတ် နားထောင်ပြီး သတင်းတွေ ရေးသားခဲ့တယ်လို့ ဆိုတဲ့ News of the World သတင်းစာ အယ်ဒီတာဟောင်းကို အလုပ်ခန့် ခဲ့ မိတဲ့ ဗြိတိန်သျှ ဝန်ကြီးချုပ်တော့ အကြီးအကျယ် ဒုက္ခရောက်နေပါပြီ။

သတင်းစာသမားအနေနဲ့ မဟုတ်တာ လုပ်ခဲ့ရင် သူအနေ့နဲ့ အယ်ဒီတာဟောင်း အင်ဒီ ကူလ်ဆင်ကို ဗြိတိသျှဝန်ကြီးချုပ်ရုံးရဲ့ ပြန်ကြားရေးအရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့မှာ မဟုတ်ဘူးလို့ မစ္စတာကင်မရွန်းက ပါလီမန်မှာ ပြောပါတယ်။

အတိုက်အခံလေဘာပါတီခေါင်းဆောင် အက်ဒ် မီလီဘန်းကတော့ ဝန်ကြီးချုပ်အနေနဲ့ အင်ဒီ ကူလ်ဆင်ကို ခန့်အပ်စဉ်က သေချာ စဉ်းစား ဆောင်ရွက်ခဲ့တာမျိုးကို မတွေ့ရဘူး၊ ဝန်ကြီးချုပ် ကိုယ်တိုင်နဲ့ ဝန်ကြီးချုပ်ရုံး အတွက်ဆို အင်ဒီကူလ်ဆင် ဘယ်သူဆိုတာကို သေချာစိစစ် ခဲ့သင့်တယ်လို့ ဝေဖန်ပြော ကြားခဲ့ပါတယ်။

အတိုက်အခံလေဘာပါတီက ပါလီမန်အမတ်တွေ ဟာ ဝန်ကြီးချုပ်ကို အကြိမ်ကြိမ် စွပ်စွဲခဲ့ကြ တာတွေကတော့ News of the World သတင်းစာကို ထုတ်ဝေတဲ့ News International အမှုဆောင်အရာရှိချုပ် Rebekah Brooks အပါအဝင် အမှုဆောင်တွေကို တွေ့ဆုံခဲ့တာဟာ ဝန်ကြီးချုပ် တဦးအနေနဲ့ လိုက်နာသင့်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့တယ်ဆိုတဲ့အချိန်မှာ News of the World ပါဝင်တဲ့ News Corporation ရဲ့ ပိုင်ရှင် မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့က British Sky Broadcasting လို့ခေါ်တဲ့ BskyB ကို ဝယ်ဖို့ ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ သူအနေ့နဲ့ မသင့်တော်တဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုမှုတွေ ဘာမှမလုပ်ခဲ့ဘူးလို့ ပြန်ပြီးတုန့်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption News of the World အရာရှိချုပ်ကို ဝန်ကြီးချုပ် တွေ့သင့် သလားလို့ မေးခွန်းထုတ်

မားဒေါ့အင်ပါယာနဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံ တာဟာ သူ့ထက်စာရင် အရင် လေဘာ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဝန်ကြီးချုပ် ဟောင်း တိုနီဘလဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင် ဘရောင်းတို့က ပိုပါတယ်လို့လည်း သူက တုန့်ပြန်ခဲ့ပါတယ်။

တခါဝန်ကြီးချုပ်က ဒီတယ်လီဖုန်း ကြားဖြတ် နားထောင်ခဲ့တဲ့ အရှုပ်တော်နဲ့ ပတ်သက်ပြီး ပြည်သူ့ရေးရာ စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်တဲ့ ရဲဘက်၊ မီဒီယာဘက်နဲ့ နိုင်ငံရေးဘက်က ပတ်သက်သူ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း စစ်ဆေးသွားမယ်လို့ဆိုပါတယ်။

အခုတော့ ယူကေမှာ News of the World သတင်းစာရဲ့ ဖုန်းကြားဖြတ်နားထောင်မှုနဲ့ မကြာခင် ရက်ပိုင်းက ရဲတပ်ဖွဲ့အကြီးအကဲတွေ နုတ်ထွက်မှုတွေက မီဒီယာနဲ့ ရဲတွေအပေါ် လူထုရဲ့ ယုံကြည်မှုတွေ က တွေဝေသွားစေခဲ့ပါတယ်။

ဒါပေမဲ့ မနေ့က ဒီအရှုပ်တော်ပုံကြီးတခုလုံးရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ ကိုယ်တိုင်နဲ့ သားဖြစ်သူတို့ မနေ့က ဗြိတိသျှပါလီမန်မှာ အစစ်ဆေးခံပြီးနောက်မှာတော့ မနေ့က နယူး ယောက်ခ်စျေးပိတ်ချိန်မှာ မဟုတ်မမှန်တဲ့ ကိစ္စတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရလို့ ရပ်နားသွားပြီဖြစ်တဲ့ News of the World သတင်းစာတွေ၊ ရုပ်သံတွေကို ပိုင်ဆိုင်တဲ့ News Corporation ရဲ့ အစုရှယ်ယာတန်ဖိုးက ခြောက်ရာခိုင်နှုန်း ပြန်တက်လာတယ်လို့ သိရပါတယ်။