Sun သတင်းစာ အယ်ဒီတာ အလုပ်ထုတ် ခံရ

  • 22 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Sun သတင်းစာ အယ်ဒီတာ အလုပ်ထုတ်ခံရ

မီဒီယာသူဌေးကြီး Rupert Murdoch ရူးပတ်မားဒေါ့ခ် ရဲ့ News International ကုမ္ပဏီ ပိုင် The Sun ဆန်း သတင်းစာက အကြီးတန်း သတင်းထောက် တယောက်ကို တယ်လီဖုန်း ကြားဖြတ်ခိုးနားထောင်မှုနဲ့ ပတ်သက်လို့ အလုပ်ထုတ်ပစ် လိုက်တယ်လို့ ဘီဘီစီက သိရပါတယ်။

အထုတ်ခံရသူဟာ အထူးဆောင်းပါး ကဏ္ဍ ဆိုင်ရာ အယ်ဒီတာ Matt Nixson ဖြစ်ပါတယ်။

ထုတ်ဝေမှု ရပ်ဆိုင်းလိုက်တဲ့ News of the World သတင်းစာအတွက် လုပ်ဆောင် ပေးခဲ့ တာတွေ နဲ့ပတ်သက်ပြီး အခုလို မစ္စတာ နစ်ဆင် အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ ပင်မ ကုမ္ပဏီ News Corporation က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

တခြား သတင်းတပုဒ် မှာတော့ အင်္ဂါနေ့တုန်းက ပါလီမန် ကော်မတီ ရှေ့မှောက်မှာ သူ့ရဲ့ ထွက်ဆိုချက်တွေဟာ အမှားတွေ ဖြစ်တယ်လို့ ပြောဆိုမှုတွေကို မစ္စတာ ဂျိမ်းစ် မားဒေါ့က ပယ်ချ လိုက်ပါတယ်။

တယ်လီဖုန်း ကြားဖြတ် ခိုးနားထောင်မှုနဲ့ ပတ်သက်ပြီး သတင်းစာတိုက်က အကြီးတန်း သတင်းထောက် တယောက်နဲ့ ပြင်ပက အလွတ်စုံထောက် တယောက် တို့ကြား ဆက်နွယ် နေကြတယ် ဆိုတာ News of the World သတင်းစာ အယ်ဒီတာ ဟောင်း Colin Myler နဲ့ သတင်းစာတိုက်ရဲ့ ရှေ့နေ Tom Crone တို့က မစ္စတာ မားဒေါ့ကို အသိပေးခဲ့ပြီး ဖြစ်တယ်လို့ အခိုင်အမာ ပြောကြား နေပါတယ်။