ကွန်ဂိုမှာ စစ်တပ်က အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်

  • 23 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Kivu ပြည်နယ် တောင်ပိုင်းက လူတွေ

ကွန်ဂိုသမ္မတနိုင်ငံမှာ အစိုးရ စစ်တပ်က အနည်းဆုံး အမျိုးသမီး ၄ရယောက် ကို အစုလိုက် အပြုံလိုက် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Kivu ပြည်နယ်မြောက်ပိုင်းက Bushani ရွာမှာ နှစ်သစ်ကူး ကာလ တုန်းက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်း OHCHR က ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူတွေဟာ အသက် ၁၆ ကနေ ၆၅နှစ်အတွင်း ရှိတဲ့ အမျိုးသမီးတွေ ဖြစ်ပြီး တချို့ဆိုရင် သူတို့ခလေးတွေ ရှေ့မှာ အဓမ္မ ပြုကျင့်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခြားဖြစ်ရပ်တခုမှာတော့ ကီဗုပြည်နယ် တောင်ပိုင်းမှာ အစုလိုက် အပြုံလိုက် အဓမ္မ ပြုကျင့်မှု ကျူးလွန်ဖို့ တပ်ဖွဲ့တွေကို အမိန့်ပေးခဲ့လို့ ကွန်ဂိုစစ်သား အတော်များများ တရားစွဲဆို အရေးယူ ခံနေရပြီ ဖြစ်ပါတယ်။