Goran Hadzic ကို နယ်သာလန်ပို့

  • 22 ဇူလိုင် 2011
Goran Hadzic ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂိုရမ် ဟာ့ဂျစ်ကို နယ်သာလန်ပို့

ယူဂို စလဗ် နိုင်ငံဟောင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ နောက်ဆုံး တရားခံ Goran Hadzic ကို ဆားဗီးယားနိုင်ငံကနေ နယ်သာလန် ကုလသမဂ္ဂ တရားရုံးကိုလွှဲပြောင်း ပို့ဆောင်ဖို့ အတွက် အခုအခါ လေယဉ်ပေါ်ရောက်နေပါပြီ။

စစ်ပွဲကာလ တုန်းက ခရိုအေးရှား အရှေ့ပိုင်းက ဆာ့ဘ်လူမျိုးတွေရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ မစ္စတာ Hadzic ကို လူသား မျိုးနွယ် အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ စွဲဆိုထားပါတယ်။

သူဟာ ခုနစ်နှစ်တာ တိမ်းရှောင်နေခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူ့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မစ္စတာ Hadzic ကိုနယ်သာလန် မပို့ခင်မှာ နာမကျန်းတဲ့ သူ့မိခင်နဲ့ တွေ့ခွင့်ပေးခဲ့သလို သူ့ဖခင်ရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရဝပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

ဆားဘီးယားနိုင်ငံဟာ စစ်ရာဇဝတ်မှုတွေကို ပြည်ဖုံးကားချပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းနေတာဖြစ်တဲ့အတွက် အခုလို နောက်ဆုံး အလိုရှိတဲ့ စစ်ရာဇဝတ်မှု တရားခံကို ဖမ်းဆီးလိုက်နိုင်တာဟာ အရေးပါတဲ့ ကာလဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ထားပါတယ်။