လိင်တူဆက်ဆံမှု ပွင့်ပွင့်လင်းလင်း ထုတ်ပြောသူ စစ်မှုထမ်းခွင့်ပြုပြီ

  • 23 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုမှာ လိင်တူဆက်ဆံသူ အဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ပြောတဲ့ လူတွေကို စစ်မှုထမ်းခွင့် တားမြစ်ထားတာကို လာမယ့် စက်တင်ဘာမှာ ပြန်ခွင့်ပြုတော့မယ်လို့ သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ မမေးနဲ့ မပြောနဲ့ ပေါ်လစီ အရ လိင်တူ ဆက်ဆံသူတွေကို သူတို့ရဲ့ အဖြစ်မှန် ဖုံးကွယ်ထားစေသလို ဖြစ်နေတာကြောင့် ဒီတားမြစ်ချက်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုချက်တွေကို စစ်တပ်က လက်ခံလိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ဥပဒေက ခွဲခြား ဆက်ဆံသလို ဖြစ်နေပြီး ဒါဟာ စစ်တပ်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို နှောက်နှေး ထိခိုက်စေသလို တရားမျှတပြီး ဘက်လိုက်မှု မရှိတဲ့ အမေရိကန်ရဲ့ အခြေခံ မူဝါဒတွေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ မစ္စတာ အိုဘားမားက ကာကွယ်ရေး ဌာက အကြီးအကဲတွေနဲ့ အတူ ဒီဥပဒေ အမိန့်ကို လက်မှတ်ထိုး အပြီးမှာ ပြောကြားလိုက်ပါတယ်။