အေမီ ဝိုင်းဟောက်စ်ကွယ်လွန်

  • 24 ဇူလိုင် 2011
amywinehouse
Image caption Amy Winehouse

ဗြိတိန် နိုင်ငံမှာ အကျော်ကြား ဆုံးနဲ့ အအောင်မြင်ဆုံး အမျိုးသမီး အဆိုရှင် တွေထဲက တစ်ဦးဖြစ်တဲ့ အေမီ ဝိုင်းဟောက်စ် တယောက် လန်ဒန်က သူ့ နေအိမ်မှာ ကွယ် လွန် သွား ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ကွယ် လွန် ချိန်မှာ အသက် ၂၇ နှစ် ရှိပြီ ဖြစ်ပါ တယ်။

အေမီ ဝိုင်းဟောက်စ် ဟာ ၂၀၀၆ ခုနှစ်က ထုတ်ခဲ့တဲ့ သူ့ရဲ့ ဒုတိယ အဲလ်ဘမ် ဘက်ခ်တူ ဘလက်ခ် နဲ့ ဂရမ်မီဆု ၅ ဆု အပါအဝင် တေးဂီတ လောက ရဲ့ဆုတော်တော် များများကို ရခဲ့ပါတယ်။

သူမ ဘာ့ကြောင့် သေဆုံး ခဲ့ရသလဲ ဆိုတာ ကိုတော့ မသိရ သေးပါဘူး ။ ဒါပေမယ့် လို့ အသံ ကောင်းပြီး ဘီးဟိုဘ်ဗ် ဆံပင် ပုံစံနဲ့ ကျော်ကြားတဲ့ ဆိုးလ် သီချင်းတွေ သီဆိုတဲ့ အေမီ ဝိုင်း ဟော့စ် ဟာ အရက်နဲ့ မူးယစ် ဆေးဝါး သုံးစွဲ မှုတွေ ကို ဖြတ် နိုင်ဖို့ ကြိုးစား ရုန်းကန် နေခဲ့ ရတယ်လို့ လဲ ဆိုပါတယ်။

သူသေဆုံး တဲ့ သတင်း ပြန့်နှံ့ အပြီး မကြာခင် အချိန်အတွင်း မှာပဲ သူမရဲ့ ပင်ကိုယ် ထူးခြား တဲ့ အသံနဲ့ ဂီတမှာ ထူးချွန်မှု တွေကို အောက်မေ့ သတိရ ကြတဲ့ ဂီတ ဝေဖန်ရေး ပညာရှင် တွေနဲ့ ဝါသနာရှင်တွေ၊ နောက်ပြီး ထင်ပေါ် ကျော်ကြားသူတွေ က ဝမ်းနည်းခြင်း စကားတွေ ဆိုရှယ် မီဒီယာ ဆိုဒ်တွေ ပေါ်မှာ ရေးသား ခဲ့ကြတယ်လို့ သိရပါတယ်။

သူမရဲ့ ပရိသတ် တွေကတော့ ရဲက စည်းတား ထားတဲ့ သူမ ကွယ်လွန် သွားခဲ့တဲ့ နေအိမ် ရှေ့မှာ ပန်းစည်း တွေချ၊ ဖယောင်းတိုင် ငယ်တွေ ကို သွားရောက် ထွန်းညှိ နေကြ ပါတယ်။

မြန်မာ နိုင်ငံက အဆိုတော် အနဂ္ဂက တော့ သူမရဲ့ သီချင်း တွေကို ကြိုက်နှစ် သက်ကြောင်း ပြောပေမယ့် လူနေမှု ပုံစံကို တော့ မနှစ်သက်ဘူး လို့ ဆိုပါတယ်။