ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် တွေ့မယ်

  • 24 ဇူလိုင် 2011
dassk
Image caption ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်က ၀န်ကြီး တဦး ဖြစ်တဲ့ ဦးအောင်ကြည် တို့ဟာ လာမယ့် တနင်္လာ နေ့မှာ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ အစိုးရသစ် တက်လာပြီး လေးလနီးပါး အကြာမှာ ပထဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဘယ် အကြောင်း အရာကို အဓိက ထား ဆွေးနွေး ဖို့ ရှိ သလဲ ဆိုတာ ကိုတော့ မသိရပါဘူး။

မကြာခင် ရက်ပိုင်းက အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီ ကျွန်းမှာ ကျင်းပ ခဲ့တဲ့ အာဆီယံ ဒေသ တွင်း အစည်း အဝေး မှာတော့ အမေရိကန် နိုင်ငံခြား ရေး၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာ အစိုးရသစ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေဆုံ ဆွေးနွေး ဖို့ကို ထပ်ပြီး တိုက် တွန်း ခဲ့ပါ သေးတယ်။

စစ်အစိုးရ လက်ထက်က ဆက်ဆံရေး ၀န်ကြီး ဖြစ်ခဲ့ဖူးသူ ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် အစိုးရ လက်ထက် မှာလည်း အကြိမ်များစွာ တွေ့ဆုံ ဆွေးနွေး ခဲ့ဖူးပေမယ့် အစိုးရနဲ့ အတိုက် အခံကြား ညှိနှိုင်း ပြေလည် သွားတယ် ဆိုတဲ့ ရလဒ်မျိုး တစုံတရာ ရခဲ့တာမျိုး မရှိခဲ့ပါဘူး။