ဘာရိန်း ဆန္ဒပြပွဲ နှိမ်နင်းမှု ကော်မရှင်ဖွဲ့ စုံစမ်းပြီ

  • 25 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘာရိန်းဘုရင် Khalifa

ဘာရိန်းနိုင်ငံမှာ လူသုံးဆယ်ကျော် သေဆုံးခဲ့ရတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာ ငါးလကြာပြီးတဲ့နောက် နိုင်ငံတကာက အထင်ကရ ပုဂ္ဂိုလ်တွေ ပါတဲ့ အဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါပြီ။

ဆန္ဒပြမှုမှာ ပါဝင်လို့ ထောင်ချခံရသူတွေ အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အတူ အစိုးရနဲ့ စစ်တပ် အရာရှိတွေကိုလည်း စစ်ဆေး မေးမြန်း သွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ စုံစမ်းရေး ကော်မရှင် ဥက္ကဌ Mahmoud Cherif Bassiouni က ပြောပါတယ်။

ဆန္ဒပြမှုတွေကြောင့် နိုင်ငံမှာ အရေးပေါ် အခြေနေ ကြေညာချက် လေးလကြာ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဘာရိန်က လူများစု ရှီးရိုက်တွေက အုပ်ချုပ်သူ လူနည်းစု ဆွန်နီ တွေဆီက အခွင့်အရေးတွေ တောင်းဆိုရာက ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။