ဆီးရီးယားမှာ ပါတီဖွဲ့စည်းခွင့် ဥပဒေထုတ်ပြန်

  • 25 ဇူလိုင် 2011
Syria Law
Image caption ဆန္ဒပြမှုတွေက ဆက်ရှိနေသေး

ဆီးရီးယားနိုင်ငံမှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို ဆီးရီးယားအစိုးရက ထုတ်ပြန်လိုက် ပါတယ်။

ဆီးရီးယားမှာ ပြီးခဲ့တဲ့ နှစ် ၅၀ နီးပါး ကာလအတွင်းမှာတော့ ဘာ့သ် ပါတီ တစ်ခုတည်းကသာ အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

အခုလို ဥပဒေ ထုတ်ပြန်လိုက်တာဟာ ဆီးရီးယားမှာ သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ လေးလမြောက် ရောက်လာတဲ့အချိန်မှာ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဒီဥပဒေကို နောက်လမှာ ပါလီမန်အတွင်း ဆွေးနွေးကြဖို့ ရှိပါတယ်။

အခုထုတ်ပြန်တဲ့ ဥပဒေရဲ့ နိုင်ငံရေးပါတီဖွဲ့နိုင်ဖို့ စည်းမျဉ်းသတ်မှတ်ချက်တွေထဲမှာ ပါတီတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ ဂိုဏ်းဂဏကို အခြေခံပြီး ဖွဲ့စည်းလို့ မရဘူးလို့ ပါရှိပါတယ်။

အခု ဥပဒေဟာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတစ်ရပ်ကို အစိုးရဘက်က နောက်ဆုံး လိုက်လျော လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း အစိုးရ ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းဆဲ ရှိပါသေးတယ်။