ဆူဒန် နှစ်နိုင်ငံ ငွေစက္ကူသစ်တွေ အပြိုင် ထုတ်ဝေ

  • 25 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် wikipidia
Image caption xxxxxxxxxx

အသစ်စက်စက် လွတ်လပ်ရေး ရထားတဲ့ တောင်ပိုင်း ဆူဒန်ရဲ့ ငွေစက္ကူသစ်နဲ့ မတူတဲ့ ငွေစက္ကူ ပုံစံသစ် တမျိုးကို မြောက်ပိုင်းက ဆူဒန်နိုင်ငံ အစိုးရက ထုတ်ဝေ လိုက်ပါတယ်။

အခုလို ဆောင်ရွက်လိုက်ခြင်း အားဖြင့် တောင်ပိုင်း ဆူဒန်က သူတို့ရဲ့ ငွေစက္ကူဟောင်း တွေနဲ့ ဖြန့်ဝေ သုံးစွဲမှာကို ကာကွယ် သွားနိုင်မယ်လို့ ဆူဒန် အစိုးရက ယူဆနေပါတယ်။

သူတို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု မရှိရင် နှစ်ဘက်စလုံးဟာ စီးပွားရေးမှာ အခက်အခဲတွေနဲ့ ကြုံရနိုင်တယ်လို့ ခါတွန်းမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရေနံမြေ ဒေသတွေက တောင်ပိုင်းမှာ အဓိက ရှိနေပြီး ရေနံချက် စက်ရုံတွေက မြောက်ပိုင်းမှာ ရှိနေတဲ့ ပြဿနာ အပါအဝင် တောင်နဲ့ မြောက် ဆူဒန် နှစ်နိုင်ငံကြား ဖြေရှင်းဖို့ ကိစ္စတွေ တော်တော် များများ ရှိနေတယ်လို့ သူက ဆိုပါတယ်။