သြစတြေးလျရဲ့ ဒုက္ခသည် သဘောတူချက်ကို ကန့်ကွက်

  • 26 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှားမှာ မနှစ်က ဒုက္ခသည် လျှောက်ထား မှု ၂၅၆၀၀ ရှိခဲ့

သြစတြေးလျနိုင်ငံကို ဝင်ရောက်ပြီး ခိုလှုံ ခွင့် တောင်းခံသူတွေကို မလေးရှားကို ပို့ပြီး အဲဒီမှာ သူတို့ရဲ့ လျှောက်ထားချက်တွေ ကို ကိုင်တွယ် လုပ်ဆောင်သွားဖို့ သြစတြေးလျ နဲ့ မလေးရှား နိုင်ငံတို့အကြား သဘောတူ လိုက်ကြတဲ့အပေါ် သြစတြေးလျ လူ့အခွင့် အရေး ကော်မရှင် အဖွဲ့က ဒါဟာ နိုင်ငံ တကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ရာ ရောက်နိုင်တယ်ဆိုပြီး၊ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ကက်သရင်း ဘရန်ဆန်က မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံ မဟုတ်တဲ့အတွက် ခိုလှုံခွင့် တောင်းခံသူတွေ၊ အထူးသဖြင့် ကလေးတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်နိုင်တဲ့ အန္တရာယ် တိုးလာနိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျနဲ့ မလေးရှားတို့ရဲ့ အခု သဘောတူညီချက် အပေါ် ကုလသမဂ္ဂအနေနဲ့ ထောက်ခံမှု မလုပ်ဖို့ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အခုလို လုပ်ခြင်းအားဖြင့် အာရှပစိဖိတ် ဒေသတလျှောက် ဒုက္ခသည် ကာကွယ်ရေးကို အကြီး အကျယ်စပြီး ထိခိုက် လာနိုင်တယ်လို့လည်း ပြောပါတယ်။