သမ္မတ သက်တမ်း ပိုမိုကြာရှည် အုပ်ချုပ်ဖို့ ဖွဲ့စည်းပုံ ပြင်မယ်

  • 26 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption Goodluck Jonathan ဖွဲ့စည်းပုံ ပြင်မယ်

နိုင်ဂျီးရီးယား နိုင်ငံမှာ သမ္မတ တယောက်တည်းက သက်တမ်း ကြာရှည် အုပ်ချုပ် နိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ လွှတ်တော်မှာ တိုက်တွန်းမယ်လို့ သမ္မတ Goodluck Jonathan ဂွတ်လပ်ခ် ဂျိုနသန်က ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအရ သမ္မတဟာ လေးနှစ်သက်တမ်း နှစ်ကြိမ် အထိသာ အုပ်ချုပ် နိုင်တာ ဖြစ်ပါတယ်။

အခု အဆိုပြုချက် အတိုင်း ဖွဲ့စည်းပုံ ပြင်လိုက်ရင် သမ္မတ ဂျိုနသန်ဟာ သူရဲ့ သမ္မတ သက်တမ်းကို ပိုကြာအောင် လုပ်ဆောင်သွားနိုင်လိမ့်မယ် ဆိုပြီး နိုင်ဂျီးရီးယား သတင်းစာ တွေက ရေးသား နေကြပါတယ်။

ဒါပေမယ့် သူရာထူးက မဆင်းခင် ပြောင်းလဲချက် တစုံတရာ ကျင့်သုံးမှာ မဟုတ်သေးဘူးလို့ မစ္စတာ ဂျိုနသန်က ပြောပါတယ်။

သမ္မတ သက်တမ်းသစ်ဟာ ဘယ်လောက်ကြာမလဲ ဆိုတာကို သူက မပြောပေမယ့် အခုလို အပြောင်းအလဲ လုပ်ဆောင်ရတာဟာ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရရေးထက် အုပ်ချုပ်ရေးကို ပိုပြီး အားရုံစိုက် လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။