ဆိုမာလီနိုင်ငံအတွက် အကူအညီပေးရေး ကြန့်ကြာနေ

  • 26 ဇူလိုင် 2011
Image caption WFP ရဲ့ ပထမဆုံး စားနပ်ရိက္ခာဖြန့်ဖြူးမယ့် အစီ အစဉ် ဖြစ်ပါတယ်

ကမ္ဘာ့ စားနပ်ရိက္ခာ ဖွံ့ဖြိုးမှုအစီအစဉ် WFP ရဲ့ ဆိုမာလီမြို့တော် မိုဂါဒစ်ရှူး အတွက် အရေးပေါ် လေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ဆောင် မှုတွေ ကြန့်ကြာ မှုတွေ ဖြစ်နေပါတယ်။

အခုလေကြောင်းနဲ့ သယ်ယူပို့ဆောင်မယ့် အစီ အစဉ်ဟာ မိုးခေါင်းရေရှားမှု အဆိုးဝါးဆုံး ခံစားနေရတဲ့ နေရာတွေကနေ မိုဂါဒစ်ရှူးကို ဝင်ရောက်လာကြသူတွေအတွက် WFP ရဲ့ ပထမဆုံး စားနပ်ရိက္ခာဖြန့်ဖြူးမယ့် အစီ အစဉ်လည်း ဖြစ်ပါတယ်။

အားဖြည့် အစားအစာတွေကို ပြင်သစ်ကနေ ကင်ညာနိုင်ငံကို တနင်္လာနေ့က လောယာဉ်တွေ နဲ့ ပို့ပေးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကနေ အီသီယိုပီးယားကို လေယာဉ်နဲ့ ထပ်ပို့မှာ ဖြစ်ပြီး၊ အဲဒီ နောက်မှာတော့ နယ်ခြားကိုဖြတ်ကျော်ပြီး ဆိုမာလီနိုင်ငံထဲ ပို့ပေးမှာ ဖြစ်ပါတယ်။

WFP ဟာ အစားအသောက်တွေကို ဆိုမာလီနိုင်ငံထဲက အဲလ်ရှာဘတ် အစ္စလာမ်သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စတင်ချပေးဖို့ ရှိပါတယ်။

ဒါဟာ အာဖရိက အရှေ့မြောက်ဖက်ပိုင်း ဒေသတလွှားမှာ မိုးခေါင် ရေးရှားလို့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတဲ့ လူပေါင်း ၁၀ သန်းအတွက် အကူအညီရရှိရေး ကြိုးပမ်း ဆောင်ရွက်မှုရဲ့ တစိတ် တပိုင်းဖြစ်ပါတယ်။

လူပေါင်း ၄ သောင်း ဟာ အစားအစာနဲ့ ရေရရှိရေးအတွက် ပြီးခဲ့တဲ့ လက မိုဂါဒစ်ရှူးမြို့ကို ဝင်ရောက်လာကြပြီး အဲဒီမှာ စုပြုံဒုက္ခ ရောက်နေကြ&ပြီး၊ တခြားလူ ၁ သောင်းကျော် ကတော့ မြို့အနီး တဝိုက်မှာ စခန်းချ နေနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR ကပြောပါတယ်။