ရွေးကောက်ပွဲလွန် အကြမ်းဖက်မှု လူတွေ နေရပ် မပြန်ရဲ

  • 27 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ အဲလက်ဆန် ဝါတာရာ

အိုင်ဗရီကိုးစ် နိုင်ငံမှာ သုံးလကြာ ရွေးကောက်ပွဲလွန် အကြမ်းဖက်မှုတွေကြောင့် ရာထောင် ချီတဲ့ လူတွေ အသက် ဆုံးရှုံးခဲ့ရ ပြီးတဲ့နောက် လူသန်း တဝက်ကျော် လောက်ဟာ သူတို့နေရပ် ပြန်ဖို့ ကြောက်ရွံ့ နေကြတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။

သမ္မတသစ် Alassane Ouatttara အဲလက်ဆန် ဝါတာရာကို ထောက်ခံတဲ့ ပြည်သူစစ် အဖွဲ့တွေက လူတွေကို အကျဉ်းရုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သလို သူ့ပြိုင်ဘက် Laurent Gbagbo လောရင့် ဘတ်ဘိုရဲ့ ထောက်ခံသူ တွေကလည်း လူတွေကို နှိပ်စက် ညှင်းပမ်းမှုတွေ ရှိခဲ့တယ်လို့ Amnesty ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ အဲလက်ဆန် ဝါတာရာက New York မြို့မှာ ပြောကြားရာမှာ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘယ်သူ့ကို မဆို သူ့ကိုထောက်ခံတဲ့ သူ ဖြစ်ရင်တောင်မှ အရေးယူ အပြစ်ပေးမယ်လို့ ကတိစကား ပြောကြားခဲ့ပါတယ်။