လစ်ဗျားအမျိုးသားကောင်စီကို ဗြိတိန် အသိအမှတ်ပြု

  • 27 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Getty
Image caption အနာဂတ်လစ်ဗျားနိုင်ငံမှာ ဒီမိုကရေစီ ပိုထွန်းကား လာစေမယ့် ခြေလှမ်းတရပ်ပါ

လစ်ဗျားသူပုန်တွေဖွဲ့စည်းထားတဲ့ အသွင် ကူပြောင်းရေး အမျိုးသားကောင်စီအဖွဲ့ကို လစ်ဗျားရဲ့ တခုတည်းသော တရားဝင် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အဖြစ် ဗြိတိန်က အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြေားရေး ဝန်ကြီး ဝီလျံဟိတ်က ပြောကြား လိုက်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ အနာဂတ် လစ်ဗျားနိုင်ငံ အတွက် ဒီမိုကရေစီစနစ် ပိုမို ထွန်းကားလာစေ မယ့် နောက်ထပ် ခြေလှမ်းတရပ် ဖြစ်ကြောင်းနဲ့ လစ်ဗျားအနာဂတ်မှာ ကဒါဖီ မပါဝင်ဘူး လို့ မစ္စတာဟိတ်က ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့က အလားတူ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မစ္စတာဟိတ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူပုန်တို့ရဲ့ အသွင်ကူးပြောင်းရေး အမျိုးသား ကောင်စီကနေ ဗြိတိန်ဆိုင်ရာ လစ်ဗျား သံအမတ်ကို ရွေးချယ်စေလွှတ်ဖို့ ဖိတ်ခေါ်မယ်လို့ မစ္စတာဟိတ်က ပြောပါတယ်။

လန်ဒန်မှာရှိနေတဲ့ ဗိုလ်မှူကြီး ကဒါဖီအစိုးရရဲ့ လက်ကျန် သံအရာရှိ အားလုံးကို ဗြိတိန် ကနေ နှင်ထုတ်တော့မှာလည်း ဖြစ်ပါတယ်။

ဗြိတိန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိတဲ့ လစ်ဗျားရေနံလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို လစ်ဗျားသူပုန်တွေကို ပြန်ပေးတော့မှာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဂဒါဖီတပ်ဖွဲ့တွေကို နေတိုးတပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေမှုမှာ ဗြိတိန်အနေနဲ့ ဦးဆောင်တဲ့ အခန်းကနေ ပါဝင်နေပါတယ်။