လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို ဗြိတိန် အသိအမှတ်ပြု

  • 27 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ

လစ်ဗျားနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ သူပုန်တွေရဲ့ အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီကို လစ်ဗျားရဲ့ တခုတည်းသော တရားဝင် အာဏာပိုင် အဖွဲ့အစည်း အဖြစ် ဗြိတိန် အစိုးက အသိအမှတ် ပြုလိုက်ပြီး ကဒါဖီ အစိုးရကို ကိုယ်စားပြုတဲ့ သံတမန်တွေကို နိုင်ငံက နှင်ထုတ် လိုက်တဲ့ အပေါ် လစ်ဗျား အစိုးရက ရှုတ်ချလိုက်ပါတယ်။

ဗြိတိန် အစိုးရရဲ့ ဆုံးဖြတ်ချက်က တာဝန်မဲ့ လုပ်ရပ် ဖြစ်ပြီး တရားမဝင်ဘူး၊ အမှား တခုကို လုပ်တာလို့ ယူဆကြောင်း ဗိုလ်မှူးကြီး ကဒါဖီ အစိုးရရဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Khaled Kaim က ပြောပါတယ်။

သူတို့ အစိုးရက ဗြိတိန်ကို အရေးယူ ဆောင်ရွက်မှုတွေ ပြုရလိမ့်မယ် လို့လည်း ဆိုပါတယ်။

လစ်ဗျား သူပုန်တွေကို အထောက်အပံ့ ပေးနေတဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ မြင်းသေကို ကြာပွတ်နဲ့ ရိုက်နေတာဘဲလို့ ဥပမာပေး ခိုင်းနှိုင်း ပြောဆို သွားခဲ့ပါတယ်။