လစ်ဗျား သူပုန် တပ်ဖွဲ့က ဗိုလ်ချုပ်ကြီး ပစ်သတ်ခံရ

  • 29 ဇူလိုင် 2011
younes ဓာတ်ပုံ မူပိုင် reuters
Image caption ဗိုလ်ချုပ်ကြီး Younes ကို သူပုန်တွေက အယုံအကြည် မရှိကြ

လစ်ဗျားနိုင်ငံမှာ သူပုန် တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး Abdel Fattah Younes သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သူပုန် ခေါင်းဆောင်တွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Younes ကို တရားစီရင်ရေး ကော်မီတီ ရှေ့မှာ အစစ်ဆေးခံဖို့ ရှေ့တန်း စစ်မျက်နှာပြင်ကနေ သူပုန်တွေက ပြန်ဆင့်ခေါ် ခဲ့အပြီးမှာ လက်နက်ကိုင် ဂိုဏ်းတဂိုဏ်းရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့တာလို့ သူပုန်ခေါင်းဆောင် ပိုင်း ကောင်စီ အကြီးအကဲ Mustafa Abdul- Jalil က လစ်ဗျား အတိုက်အခံ ရုပ်မြင်သံကြားမှာ ထုတ်ဖေါ် ကြေညာသွားပါတယ်။

ဗိုလ်ချုပ်ကြီး Younes ဟာ ဖေဖေါ်ဝါရီလ လူထု အုံကြွမှုတွေ စတင်တဲ့ အချိန် မတိုင်ခင်အထိ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ပြည်ထဲရေး ဝန်ကြီး ဖြစ်ခဲ့ပြီး အဲဒီနောက်မှာ သူပုန်တွေဘက် ဘက်ပြောင်း လာတာ ဖြစ်ပါတယ်။

သူ့ကို သူပုန်တွေက အပြည့်အဝ ယုံကြည်စိတ် မရှိကြပဲ အစိုးရ ထောက်ခံသူတွေကလည်း သူ့ကို သစ္စာဖေါက် အဖြစ် ရှုမြင်နေကြတယ်လို့ Tripoli မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။