မြောက်ကိုးရီးယားနဲ့ အမေရိကန် တွေ့ဆုံဆွေးနွေး

  • 29 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၀၆နဲ့ ၂၀၀၉ ခုနှစ်တွေမှာ မြောက်ကိုးရီးယား က နျူကလီးယား စမ်းသပ်ခဲ့

ကိုးရီးယား ကျွန်းဆွယ်နဲ့ ပတ်သက်လို့ စစ်ရေးတင်းမာမှုတွေ လျော့ကျသွားဘွယ် ရှိတယ်ဆိုတဲ့ လက္ခဏာတွေ ပေါ်ထွက်နေ ချိန်မှာပဲ အမေရိကန်နဲ့ မြောက်ကိုးရီးယား တာဝန်ရှိ ပုဂ္ဂိုလ်တွေ အကြား နျူကလီး ယားကိစ္စ အရေး တွေ့ဆုံ ဆွေးနွေးမှုတွေ New York မြို့မှာ စတင်ခဲ့ပါတယ်။

ပထမနေ့ ဆွေးနွေးပွဲဟာ လေးနက်ပြီး အလုပ်သဘော ဆံတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဆိုင်းငံ့ထားခဲ့ရတဲ့ နျူကလီးယား လက်နက် စီမံကိန်းကိစ္စ ဆွေးနွေး ပြောဆိုမှုတွေ ပြန်စနိုင်ရေးကို မြောက်ကိုးရီးယားတို့အနေနဲ့ အလေးအနက်ထားတယ်ဆိုတဲ့ အရိပ် လက္ခဏာမျိုးကို အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက တွေ့လိုတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား တနှစ်ကြာ တင်းမာမှုတွေ မြင့်မားနေခဲ့အပြီး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ တိုးတက်လာအောင် ကြိုးပမ်းတဲ့အနေနဲ့ မြောက်ကိုးရီးယား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက တောင်ကိုးရီးယား တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် က တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ ကြီးမားတဲ့ ထိုးဖေါက်အောင်မြင်မှုကြီး တခု ရလာဖို့ မမျှော်လင့်ဘူးလို့ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။