သန္ဓေသားဆဲလ် ကုထုံး စတင် စမ်းသပ်မယ်

  • 29 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် none
Image caption ရိုးတွင်းခြင်ဆီကနေရတဲ့ ဆဲလ်တွေကို လူနာထဲကို ထည့်သွင်းကုသမှာ ဖြစ်ပါတယ်

ဥရောပက ဆေးဝါး သုတေသီတွေဟာ သွက်ချာပါဒ ဖြစ်စေတဲ့ နာတာရှည် နာဗ်ကြောဖွဲ့ရောဂါ ခံစားနေရသူတွေကို သန္ဓေသား ဆဲလ်ထည့်သွင်း ကုသနိုင်မယ့် ပထမဦးဆုံး အရေးပါတဲ့ စမ်းသပ်မှုတွေ လုပ်ဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။

သုတေသီတွေဟာ လူနာရဲ့ ရိုးတွင်းခြင်ဆီကနေ ရတဲ့ ဆဲလ်တွေကို အဲဒီလူနာထဲကို ထည့်သွင်း ကုသမှာ ဖြစ်ပါတယ်။

အခုလို ဆဲလ်တွေ ထည့်သွင်းခြင်း အားဖြင့် ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြိုးကနေ နာဗ်ကြော တွေကို အကာအကွယ် ပေးထားတဲ့ မိုင်လီယန် ဆိုတဲ့ ပစ္စည်း ပျက်ဆီးတာကို လျော့ကျ အောင်နဲ့ ပျက်ဆီးနေတဲ့ မိုင်လီယန်တွေ ပြန်ကောင်းလာအောင် လုပ်နိုင် မလုပ်နိုင် ဆိုတာကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာ ရောဂါကာကွယ်တဲ့စနစ်ကြောင့် ဒီမိုင်လီယန် ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာ ဖြစ်ပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုနဲ့ တိရိစ္ဆာန်တွေကို စမ်းသပ်ကြည့်ရာ မှာတော့ မိုင်လီယန် ပျက်ဆီးစေ တဲ့ တိုက်ခိုက်မှုတွေကို အကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

အခုစမ်းသပ်မှုတွေ အောင်မြင်ခဲ့ရင်တောင်မှာ လက်တွေ့ တကယ်ကုသနိုင်ဖို့ အတွက်ကတော့ နှစ်အတော်ကြာ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။