လစ်ဗျားသူပုန်တပ်မှူးကို သူပုန်တပ်တွေက သတ်ပစ်ခဲ့တာဖြစ်

  • 30 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီးကို ဘာကြောင့် သတ်ပစ်တယ် ဆိုတာ မသိရသေးဘူးလို့ တာဟိုနီကပြော

လစ်ဗျားသူပုန်တွေရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အက်ဘ်ဒူ ဖက်တာ ယူးနပ်စ် အသတ်ခံရတဲ့ ကိစ္စဟာ သူပုန် တပ်မဟာတခုက တပ်ဖွဲ့ဝင် တွေရဲ့ လက်ချက်ဖြစ်တယ်လို့ သူပုန် ခေါင်းဆောင်ပိုင်းက ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ယူးနပ်စ်ကို အစ္စလာမ်မစ်တွေနဲ့ ပတ်သက်မှုရှိနေတဲ့ ပက်စက်တဲ့ တိုက်ခိုက်ရေး သမားတွေက သတ်ပစ်လိုက်တာလို့ သူပုန်အဖွဲ့ က ရေနံနဲ့ ဘဏ္ဍာရေးဝန်ကြီး အာလီ တာဟိုနီက ပြောပါတယ်။

သူတို့ဟာ ဗိုလ်ချုပ်ကြီး ယူးနပ်စ်အနေနဲ့ သူပုန်တွေအပေါ် သစ္စာရှိမရှိ စစ်ဆေးဖို့ဆိုပြီး၊ စုံစမ်းရေး ကော်မတီတခုရှေ့မှောက်ကို ခေါ်ယူခဲ့ပြီးနောက် ပစ်သတ်လိုက်ကြတာ ဖြစ်တယ် လို့ ပြောပါတယ်။

သူတို့ဟာ ဘယ်လို့ သဘောထားနဲ့ ဗိုလ်ချုပ်ကြီးကို သတ်ပစ်လိုက်တယ်ဆိုတာ မသိရသေး ဘူးလို့ မစ္စတာ တာဟိုနီက ပြောပါတယ်။

ထရီပိုလီက ဗိုလ်မှူးကြီးဂဒါဖီရဲ့ အစိုးရကတော့ အခုလိုသတ်ဖြတ်မှုဟာ သူပုန်တွေအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင် တဦးကိုတောင်မှာ မကာကွယ်နိုင်ဘူး ဆိုတာကို ပြဆိုနေတာ ဖြစ်ကြောင်းနဲ့ လစ်ဗျားကို မအုပ်ချုပ်နိုင်ဘူးဆိုတာ သက်သေခံနေတယ်လို့ ပြောပါတယ်။