ဒီမိုကရေစီ တန်ဖိုးကို ခိုင်မာ တောင့်တင်းအောင် လုပ်ရမယ်

  • 30 ဇူလိုင် 2011
Image caption နော်ဝေ ဝန်ကြီးချုပ် Jens Stoltenberg

နော်ဝေနိုင်ငံမှာ ဗုံးပေါက်ကွဲမှုနဲ့ သေနတ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့မှုကြောင့် လူပေါင်း ရရ ယောက်သေဆုံးခဲ့ရပြီးလို့ တပတ်အကြာမှာ သေဆုံးသူတွေရဲ့ စျာပန အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားတွေကို အော်စလိုမြို့က ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးအပါအဝင် နိုင်ငံတလွှားက မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် အလံကိုလည်း တိုင်ဝက် လွှင့်ထူ ခဲ့ကြပါတယ်။

နော်ဝေနိုင်ငံရဲ့ ဒီမိုကရေစီ ဆိုင်ရာ တန်ဖိုးတွေကို တောင့်တင်းခိုင်မာအောင် လုပ်ဆောင်တာဟာ သေဆုံးသူတွေအတွက် အကောင်းဆုံး အောက်မေ့ဖွယ် ဆောင်ရွက် ပေးတာ ဖြစ်လိမ့်မယ်လို့ ဝန်ကြီးချုပ် Jens Stoltenberg က အခမ်းအနားတခုမှာ ဝမ်းနည်း ပူဆွေးနေတဲ့ တက်ရောက်လာ ပရိတ်သက်ကို ပြောကြားခဲ့ပါတယ်။