တူရကီ စစ်တပ် အကြီးအကဲတွေ ဆန္ဒပြ နှုတ်ထွက်

  • 30 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် Recep Tayyip Erdogan

တူရကီနိုင်ငံမှာ ကြည်းရေလေ စစ်ဦးစီးချုပ်တွေ အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင် လေးယောက် ရာထူးက နှုတ်ထွက်မှု ပေါ်ပေါက်ခဲ့ပြီး နာရီပိုင်း အကြာမှာ အစိုးရက ကြည်းတပ် အကြီးအကဲ သစ်တယောက်ကို ခန့်ထားလိုက်ပါတယ်။

တပ်အရာရှိတွေကို ခုံရုံးတင် စစ်ဆေးမှုကြောင့် ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ စစ်တပ် အရာရှိတွေ ပြိုင်တူ ရာထူးက နှုတ်ထွက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စလာမ် ဝါဒီကို အခြေခံ အုပ်ချုပ်တဲ့ ဝန်ကြီးချုပ် Recep Tayyip Erdogan ခေါင်းဆောင်တဲ့ အစိုးရနဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ကို သီးသန့်စီ ထားချင်တဲ့ စစ်ခေါင်းဆောင် တွေကြား တင်းမာမှုတွေ တိုးပွားလာနေပါတယ်။

စစ်တပ်ဟာ သူ့ရဲ့ လုပ်ငန်း ဆောင်တာ တွေကို ညီညွတ်တဲ့ စိတ်ဓါတ်နဲ့ ဆက်လက် ထမ်းဆောင် သွားရလိမ့်မယ်လို့ မစ္စတာ အယ်ဒိုဝမ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။