တရုတ်နိုင်ငံ ရှင်ဂျန်ပြည်နယ်မှာ အကြမ်းဖက်မှု ဖြစ်ပွား

  • 31 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရဲကပစ်လို့ ၄ ဦးသေဆုံးတယ်လို့ အစိုးရ သတင်း အေဂျင်စီ က ပြောပါတယ်

တရုတ်နိုင်ငံ အနောက်စွန်း ရှင်ဂျန်ပြည်နယ် ကက်ရှ်ဂါမြို့မှာ မှာ ၂ ပတ်အတွင်း ဒုတိယ မြောက် ဖြစ်ပွားခဲတဲ့ အကြမ်းဖက်မှုတွေ အတွင်း လူ ၁၅ ဦး သေဆုံးသွားတယ်လို့ တရုတ် နိုင်ငံပိုင်သတင်း အေဂျင်စီက ပြောပါတယ်။

စနေနေ့နှောင်းပိုင်းက လူ ၂ ဦးဟာ ထရပ်ကား တစီးကို ပြန်ပေးဆွဲပြီး၊ ကားဒရိုင်ဘာကို သတ်ပစ်လိုက်ကာ၊ အနားက ဖြတ်သွား ဖြတ်လာတွေကို ဓါးနဲ့ထိုး သတ်ခဲ့တာ ကြောင့် လူ ၈ ဦးသေဆုံးသွားပါတယ်။

ဒီကနေ့နှောင်းပိုင်းမှာတော့ အဓိကရုဏ်းဖြစ်လို့ နောက်ထပ် ၃ ဦး သေဆုံးသွားပြီး၊ ရဲက ပစ်လို့ ၄ ဦးသေတယ်လို့ အစိုးရ မီဒီယာက ပြောပါတယ်။

အခုလိုတိုက်ခိုက်မှု မတိုင်ခင် ပေါက်ကွဲမှု ၂ ခု လည်းဖြစ်ပွားခဲ့ပါသေးတယ်။

ရှင်ဂျန်ပြည်နယ်ဟာ လူနည်းစု မူဆလင် ဝီဂါလူမျိုး တွေရဲ့ အဓိက ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ် ကလည်း လူမျိုးရေး အဓိကရုဏ်း တခုဖြစ်ခဲ့ပါသေးတယ်။

ဝီဂါလူမျိုး အများစုဟာ ဘေဂျင်းရဲ့အုပ်ချုပ်မှုကို ကျေနပ်မှု မရှိကြတဲ့ သူတွေဖြစ်ကြပါတယ်။

အဝေးရောက် ဝီဂါလူမျိုးတွေကတော့ ကက်ရှ်ဂါမြို့မှာ ကာဖြူး အမိန့်ထုတ်ပြန်ထားပြီး အနည်းဆုံး လူ ၁၀၀ လောက် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။