ကမ္ဘာ့ဖလား အုပ်စုခွဲပြီ

  • 31 ဇူလိုင် 2011
copa_mundo ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ ဖလား

ဘရာဇီး နိုင်ငံမှာ လာမဲ့ ၂၀၁၄ ခုနှစ် မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ အတွက် ခြေစစ် ပွဲတွေ အတွက် အုပ်စု သတ်မှတ် တဲ့ အခမ်း အနား ကို ဘရာဇီး နိုင်ငံက ရီယိုဒီ ဂျီနီရိုး မြို့မှာ ကျင်းပ ခဲ့ပါတယ်။

ဒါကတော့ နောက်ဆုံး ဗိုလ်လုပွဲစဉ် တွေမှာ ကန်ကြမဲ့ ၃၂ သင်းမှာ ပါဝင် နိုင်ရေး အတွက် ကမ္ဘာ တဝှမ်းက နိုင်ငံတွေ အတွက် ကာလ အတော်ကြာ လျှောက်လှမ်း ကြရမဲ့ ခရီးရှည် တခုရဲ့ အစလဲပဲ ဖြစ်ပါတယ်။

အဲဒီလို အုပ်စု ခွဲကြ ရာမှာတော့ ၂၀၁၀ ကမ္ဘာ့ ဖလား ချန်ပီယံ စပိန်က ဥရောပ တိုက်က တောင့်တင်းတဲ့ ပြင်သစ်နဲ့ တအုပ်စုထဲ ကျနေပါတယ်။ အဲဒီ အုပ်စုမှာတော့ ဘယ်လာရုစ်၊ ဂျော်ဂျီယာ နဲ့ ဖင်လန်တို့လဲ ပါဝင် ပါတယ်။

အင်္ဂလန် အသင်း ကတော့ မွန်တီနီဂရိုး၊ လာမဲ့ ယူရို ၂၀၁၂ ကို ပူးတွဲ ကျင်းပကြမဲ့ ယူကရိန်း နဲ့ ပိုလန်၊ နောက် မော်လ်ဒိုဗာနဲ့ ဆန်မာရီနို အသင်း တွေနဲ့ တအုပ်စုထဲ ကျပါတယ်။

အဲဒီ အခမ်း အနားကို ဖီဖာ ဥက္ကဌ ဆက်ဘလတ္တာ ကဖွင့်လှစ် ပေးခဲ့ပြီး သူက ဘရာဇီး နိုင်ငံ အနေနဲ့ ကမ္ဘာ့ ဖလားကို အောင်မြင်စွာ ကျင်းပပေး နိုင်မယ်လို့ သူယုံကြည် ကြောင်း ပြေားကြား သွား ခဲ့ပါတယ်။

ဒါပေမယ့် ဒီ ပြိုင်ပွဲ ကျင်းပမဲ့ အချိန်အမှီ ဘရာဇီး က ဘောလုံးကွင်းတွေ အဆင်သင့် ဖြစ်နေနိုင်ပါမလား ဆိုပြီး စိုးရိမ် နေကြတာ တွေတော့ ရှိနေပါတယ်။