အမေရိကန် ကြွေးမြီ ကိစ္စ သမ္မတ ဆွေးနွေး

  • 31 ဇူလိုင် 2011
obama_debt_talks ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အိုဗားမား

အမေရိကန် သမ္မတ အိုးဗားမား နဲ့ လွှတ်တော် အမတ်တွေ အမေရိကန် မှာ ကြုံနေ ရတဲ့ ကြွေးမြီ ကိစ္စ တွေနဲ့ ပတ်သက် လို့ ဆွေးနွေး နေကြ တယ်လို့ ဆိုပါတယ်။

သမ္မတ အိုဗားမား နဲ့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ် တွေဟာ အမေရိကန် အစိုးရမှာ သူ့အတွက် အသုံး စားရိတ် တွေကိုတောင် ပေးစရာ ငွေတွေ မလုံ မလောက် ဖြစ်လာ နိုင်လောက်တဲ့ နိုင်ငံရဲ့ ကြွေးမြီ ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့ နည်းလမ်း ရှာတွေ့ နိုင်ရေး အတွက် ပြိုင်ဘက် ရီပတ်ပလစ်ကန် ပါတီဝင် တွေနဲ့ ဝါရှင်တန် မှာ အရေး တကြီး တွေ့ဆုံ ဆွေးနွေး နေကြ ပါတယ်။

မစ္စတာ အိုဗားမားက ဒီမိုကရက် တွေဘက်က ကွန်ဂရက် လွှတ်တော် အကြီး အကဲတွေနဲ့ တွေ့ဆုံ ခဲ့သလို ဆီးနိတ် လွှတ်တော်က ရီပတ်ပလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကွန် နယ်လ် ကိုလဲ တယ်လီဖုန်း နဲ့ဆက်သွယ် ဆွေးနွေး ခဲ့ပါတယ်။

အိမ်ဖြူတော် ဘက်က ကွန်ဂရက် လွတ်တော်ကို အစိုးရရဲ့ အသုံး စားရိတ်တွေကို လာမယ့်နှစ် ရွေးကောက် ပွဲ အချိန် အထိ ပေးသွား နိုင်ဖို့ အတွက် ကြွေးမြီ ပမာဏကို ၁၄ ထရီလီယံ ဒေါ်လာ အထိ တိုးမြှင့် ပေးစေ ချင်နေ ပါတယ်။

မစ္စတာ မက် ကွန်နယ်လ် ကတော့ ဒီအတွက် သမ္မတ ဘက်က ဘယ်လို လိုက်လျော မှုတွေကို လုပ်ပေး မှာလဲ ဆိုတာကို ပြသ ဖို့တော့ လိုအပ် လိမ့်မယ်လို့ ဆိုထား ပါတယ်။

ဒီမိုကရက် လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဟယ်ရီ ရိဒ်ကတော့ ရီပတ်ပလစ်ကန်တွေ ဟာ တာဝန် မဲ့တဲ့ အပြု အမူတွေ လုပ်နေ ကြတာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။ သူက အခု ဖြစ်နေတဲ့ ကြွေမြီ တိုးမြှင့် ပေးရေး ကိစ္စ တွေက ဘာမှ ရှုပ်ထွေး နေတာ မဟုတ်ကြောင်း၊ ရီပတ်ပလစ်ကန် တွေက သူတို့တွေ ဘာသာ ပြဌာန်းလို့ မရနိုင်တဲ့ ဥပဒေ မျိုးတွေ ကို ပြဌာန်း နိုင်ဖို့ အတွက် အစိုးရဘက်က မူပိုင်းမှာ အလျော့ပေး တာတွေ ရနိုင်ဖို့ အတွက် အမေရိကန် စီးပွားရေးကို အားနည်း စေပြီး၊ အစိုးရရဲ့ အလုပ်တွေလဲ ကမောက် ကမ ဖြစ်အောင် နိုင်ငံကို ဓားဆာခံ လုပ်နေတာ လို့ ပြောကြေား သွား ပါတယ်။