အမေရိကန် လွှတ်တော် မှာ အကြွေးပမာဏ မဲခွဲတော့မည်

  • 1 ဩဂုတ် 2011
John Boehner ဓာတ်ပုံ မူပိုင် AFP
Image caption ရီပတ်ဘလီကန် ဘက် က အောက်လွှတ်တော် အမတ် ခေါင်းဆောင် ဂျွန် ဘေရာ က လည်း ထောက်ခံ ခဲ့

အမေရိကန် အစိုးရ အနေ နဲ့ အကြွေးယူ နိုင်ခွင့် ပမာဏ တိုးမြှင့်ပေးရေး ကိစ္စ အတွက် အမေရိကန် အထက်လွှတ်တော် နဲ့ အောင်လွှတ်တော် က အမတ် တွေ တနင်္လာနေ့ မှာ မဲပေး ဆုံးဖြတ် ကြဖို့ ရှိပါတယ်။

အစိုးရ က ချေးယူနိုင်တဲ့ ပမာဏ သတ်မှတ်ဖို့ နောက်ဆုံး အချိန်နား ကပ်လာတဲ့ အချိန် မှာ အခု လို မဲခွဲ ကြဖို့ စီစဉ် တာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ကတော့ အာဏာရ ဒီမိုကရက်တစ် ပါတီ နဲ့ အတိုက်အခံ ရီပတ်ဘလီကန် ပါတီ က ခေါင်းဆောင် တွေ အကြား အကြွေးယူခွင့် အကန့်အသတ် ကို အမေရိကန် ၁၄ ဒဿမ ၃ ထရီလီယံ အထိ သတ်မှတ် ဖို့ သဘောတူညီ ခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ကျနော် တို့ဟာ လိုအပ်မှု တွေ အတွက် ခက်ခဲ တဲ့ ရွေးချယ်မှု ကို လုပ်ဆောင်လိုက် နိုင်ပြီ လို့ ပြောရင်း သဘောတူညီမှု ကို ကြိုဆို ခဲ့ပါ တယ်။

အောက်လွှတ်တော် မှာ ရီပတ်ဘလီကန် ဘက် က ခေါင်းဆောင် ဖြစ်တဲ့ လွှတ်တော် အမတ် ဂျွန် ဘေရာ က သိတ်ကောင်းတဲ့ သဘောတူညီမှု တခု လို့ မဆိုနိုင်ပေမယ့် အကြွေး ယူနိုင်ခွင့် တိုးမြှင့် ဖို့ အတွက် သူ သဘောတူခဲ့တယ် လို့ ပြောပါတယ်။

ကမ္ဘာ့ ဘဏ္ဍာရေး စျေးကွက် ကတော့ အမေရိကန် က ဒီအချိန်မှာ ဒီလောက်ပမာဏ ငွေကို ပြန်ဆပ် နိုင်တဲ့ အနေအထား ဖြစ်လာနိုင် မနိုင် အပေါ် စောင့်ကြည့်ရင်း ပူပန် ကြောင့်ကြ နေခဲ့ကြ ပေမယ့် အခုလို အမေရိကန် နိုင်ငံရေး ပါတီ ၂ ခု ကခေါင်းဆောင် ပိုင်း တွေ သဘော တူညီ မှု ရ ခဲ့ တဲ့ အပေါ် အကောင်းမြင်ခဲ့ ပါတယ်။

ဒါ့ကြောင့် ဗြိတိန် စတော့ စျေးကွက် အညွှန်းကိန်း မြင့်တက် ခဲ့ပြီး အာရှ စတော့ စျေးကွက် မှာ လည်း ၁ ရာခိုင်နှုန်း နီးပါး စျေးပြန်မြင့် လာပါတယ်။